Thursday, November 22, 2012
တော်ဝင်အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိရုံးက ဆုံးဖြတ်ချက် ချလိုက်ပြီးဖြစ်ပေမယ့် တော်ဝင်ကုမ္ပဏီပိုင်ရှင် ဦးကိုကိုထွေးက ဒီဆုံးဖြတ်ချက်
အပေါ် အယူခံဝင်ထား တာကြောင့် အလုပ်သမားတွေဟာ လုပ

်ငန်းခွင်ဝင်လို့မရသေးဘူးလို့ သိရပါတယ်။
ရက်ပေါင်း ၁၈ ရက်ုကြာအောင် ဆန္ဒပြတောင်းဆိုနေတဲ့ တော်ဝင်အလုပ်သမားတွေ ကို ရန်ကုန် တိုင်း ဒေသကြီး ခုံသမာဓိ အဖွဲ့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ချက် ချပေးခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ နေပြည်တော် ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး ကိုယ်တိုင် အလုပ်သမားတွေ ကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အလုပ်ရှင်ဘက်က
လုပ်ငန်းခွင်ကို ၀င်ခွင့်မပေးခဲ့ရင် ပြန်ပြီးအရေးယူ ပေးမယ်လို့လဲ ပြောသွားပါတယ်တဲ့။
ဦးကိုကိုထွေးက အယူခံဝင်နေတာကြောင့် အလုပ်သမားတွေကို အလုပ်ထဲဝင်ခွင့်
မပေးခဲ့ပါဘူး။ အလုပ်သမားတွေကလည်း နေ့တိုင်းအလုပ်ကို သွားနေတယ်လို့ ဆိုပါတယ်။ တော်ဝင်သစ်အချော ထည်စက်ရုံဟာ အခုတော့ စက်ရုံအ၀င်လမ်းကိုပါ စည်းရိုးကာပြီး ပိတ်ထားလိုက်ပါပြီ။
မနေ့က ခုံသမာဓိကောင်စီက အငြင်းပွားမှုတွေကို ကြားနာစစ်ဆေးဖို့ အလုပ်သမား
ကိုယ်စားလှယ် ၇ဦးနဲ့ လုပ်ငန်းရှင်ဘက်က ကိုယ်စားလှယ် ၅ ဦးကို ကြားနာစစ်ဆေး
ခဲ့ပါတယ်။
ဒီစစ်ဆေးချက်တွေကို ၁၄ ရက်အတွင်း ဆုံးဖြတ်ပေးမယ်လို့ ပြောဆိုသွားပါတယ်။ အလုပ်သမားတွေကတော့ ဥပဒေနဲ့လုပ်ငန်းရှင်တို့လွန်ဆွဲပွဲမှာ သူတို့အတွက် အများကြီး ထိခိုက်လာနေတယ်လို့ ဆိုပါတယ်။
စာချုပ်ထဲမှာဘဲ ရှိနေတဲ့ သဘောတူညီချက်တွေကိုလည်း ခံစားခွင့်မရသေးပါဘူး။ ဒါကြောင့် ဥပဒေက သူတို့အတွက် မလုပ်ပေးနိုင်ဘူးဆိုရင် ဆန္ဒပြတာကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
ရွှေပြည်သာ အလုပ်သမားရုံးကလည်း ၀င်းလဲ့ဝတီ ငါးပုစွန်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမား
ပြဿာနာကိုဘဲ ဖြေရှင်းပေးနိုင်ခဲ့ပြီး တော်ဝင်အရေးကိုတော့ မဖြေရှင်းနိုင်ဘူးလို့ သိရပါတယ်။
irrawaddy

0 comments:
Post a Comment