Sunday, 25 November 2012
မန္တလေးတိုင်း ဒေသကြီးသို့ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှု များပြားလာခြင်းနှင့်အတူ တည်းခိုနေထိုင်ရန် ဟိုတယ်လိုအပ်ခ
ျက်
မြင့်တက်လာသည်ဟု ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အသိုင်းအ၀န်းများမှ စုံစမ်းသိရှိရသည်။
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဟိုတယ်များအား နိုင်ငံခြားသား တည်းခိုနိုင်ရန်အတွက် ကြယ်ပွင့်အမှတ်အသားများ သတ်မှတ်ခြင်းကို သြဂုတ်လအတွင်းက ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းတွင် ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်နှစ်လုံး၊ အခန်း ၅၀၆ ခန်း၊ ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ် ရှစ်လုံး၊ အခန်း ၁၀၃၅ ခန်း၊ ကြယ်နှစ်ပွင့်အဆင့်ရှိ ဟိုတယ် ၂၅ လုံး၊ အခန်း ၅၇၁ ခန်း၊ ကြယ်တစ်ပွင့်အဆင့်ရှိ ဟိုတယ် ၁၉ လုံး၊ အခန်း ၅၆၅၊ အခြားလက်မှတ်ရဟိုတယ် ၂၁ လုံး၊ အခန်း ၅၂၀ တို့ရှိကြောင်း သိရသည်။ သို့သော်လည်း တည်းခိုနိုင်သည့် အခန်းအရေအတွက်မှာ ၈၄၅၈ ခန်း
ရှိကြောင်း သိရသည်။
“တိုင်းဒေသကြီးတစ်ခုလုံးမှာ အခန်းအရေအတွက် ၈၄၅၈ ခန်းရှိတယ်။ အဲဒီအရေအတွက်နဲ့ဆိုရင် တစ်ရက်ကို ဧည့်သည်တစ်သောင်းခွဲကျော် လက်ခံနိုင်ပါတယ်။ တစ်လဆိုရင် လေးသိန်းခွဲကျော်ရှိတာမို့ မနှစ်ကတစ်နှစ်လုံး ၀င်ရောက်ခဲ့တဲ့ ၂၄၀၀၀၀ ရဲ့အထက် ဆယ်ဆကျော် တည်းခိုနိုင်ရမှာပါ” ဟု ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။
နိုင်ငံခြားသား ဧည့်သည်များသည် မန္တလေးတိုင်းဒေသကြီးသို့ ရန်ကုန်၊ ပုဂံ-ညောင်ဦး၊ တောင်ကြီး-ဟဲဟိုး၊ မူဆယ်-လားရှိုး၊ မြစ်ကြီးနား-ဗန်းမော်၊ ချင်းပြည်နယ်၊ ချင်းမိုင်၊ တရုတ်နိုင်ငံတို့မှ လေကြောင်း၊ မော်တော်ကားလမ်း၊ မီးရထားလမ်း၊ ရေကြောင်းလမ်းတို့ဖြင့် အများဆုံးဝင်ရောက်ပြီး ၀င်ရောက်
သည့်ဧည့်သည် အရေအတွက် ကောက်ယူရာ၌ အားနည်းမှုများ ရှိနေကြောင်း သိရသည်။
နိုင်ငံခြားသားခရီးသွား အ၀င်များသည့် အောက်တိုဘာလတွင် မန္တလေးတိုင်း ဒေသကြီးအတွင်း ခရီးသွား ၂၄၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း သိရှိရသည်။
“ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းကို တိုင်းရင်းသား လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှု မရှိခဲ့ဘူး။ Infrastructure ပိုင်းလိုအပ်ချက်နဲ့ အဆင်သင့် မဖြစ်သေးပါဘူး။ မော်တော်ကားမရှိတာက ချက်ချင်းလုပ်လို့ရပေမယ့် Infrastructure ပိုင်းမှာတော့ အချိန်ယူပြီး လုပ်ဆောင်ရဦးမှာပါ။ လက်ရှိဟိုတယ်တွေက ကြယ်သုံးပွင့်အောက် အဆင့်ပဲရှိတာပါ” ဟု ဟိုတယ်ပိုင်ရှင်တစ်ဦးက ပြောပါသည်။
“မန္တလေးမှာ နိုင်ငံခြားသားခရီးသည် တည်းခိုနိုင်တဲ့ ဟိုတယ် ၄၊ ၅ လုံးထက် မပိုပါဘူး။ ဒီကြားထဲမှာ ဆီဒိုးနားဟိုတယ်လိုမျိုးမှာ
အခန်းထက်ဝက်လောက်ကို နှစ်ပြတ်ငှားရမ်းထားတာမျိုး ရှိသေးတယ်။ တကယ်တမ်း ဧည့်သည်များလာလို့ ဟိုတယ်အခန်း မလောက်ငှတာ မဟုတ်ဘူး။ အခန်းကိုက နည်းတာ။ ဒါကြောင့် ခရီးစဉ်အပြောင်းအလဲတွေ လုပ်ရသလို ပြင်ဦးလွင်နဲ့ စစ်ကိုင်းမှာ သွားပြီးတည်းခိုဖို့ စီစဉ်ရတာမျိုး ရှိတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုပါသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်က ၂၄၀၀၀၀ ကျော်ရှိပြီးခရီးသည်ဝင်ရောက်မှု နှစ်စဉ်များပြားလာကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရန်အတွက် ဟိုတယ်ဇုန်စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
Eleven Media Group

0 comments:
Post a Comment