Tuesday, November 20, 2012
အစိုးရသစ် သက်တမ်း တစ်နှစ် အကျော်ကာလ အစိုးရ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲများ ပြုလုပ်မှုအပြီး ပြန်ကြားရေး ဝန်ကြီး အသစ် လက်ထက်တွင် ရုပ်ရှင်ဂီတ စသည့် အနုပညာ လုပ်ငန်းများ အပေါ်တင်းကျပ်ထားသည်များကို ဖြေလျော့ လိုက်သည့်အပြင် အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့ကိုလည်း အနုပညာရှင်များဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်ရာ ယခုနှစ် အကယ်ဒမီပေးပွဲမှာ လူသစ်
များက မူသစ်များနှင့် အကဲဖြတ်မည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
အကယ်ဒမီသမိုင်း
ရုပ်ရှင် အနုပညာရှင်များအတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်သော အကယ်ဒမီ ထူးချွန်ဆုများကို (၁၉၅၂) ခုနှစ်တွင် စတင် ချီးမြှင့်ခဲ့သည်။ အကယ်ဒမီဆု စတင် ပေးအပ်သောနှစ်တွင် အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု စသည် ဖြင့် ဆုအမျိုးအစား သုံးမျိုးသာ ချီးမြှင့်ခဲ့သည်။ ထို့နောက် (၁၉၅၄) ခုနှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆု၊ (၁၉၅၆) ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင် ရိုက်ကူးသည့် အတတ်ပညာဆု၊ (၁၉၆၂)ခုနှစ် တွင် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ သရုပ်ဆောင်ဆုနှင့် အမျိုးသမီးဆု၊ (၁၉၉၀)ပြည့်နှစ်တွင် အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆု၊ တေးဂီတဆု၊ အသံဆု၊ ရုပ်ရှင်တည်းဖြတ်ဆု စသည်ဖြင့် တစ်စ တစ်စ တိုးချဲ့ချီးမြှင့်ခဲ့ရာ လက်ရှိအချိန် တွင် ဆုအမျိုးအစား(၁၁)မျိုး အထိ ချီးမြှင့်နေပြီ ဖြစ်သည်။
မြန်မာ့ရုပ်ရှင်သမိုင်းတွင်
အကယ်ဒမီ ထူးချွန်ဆု အများဆုံး ရရှိသူများမှာ ညွှန့်ဝင်း၊ ဒါရိုက်တာဦးသုခ၊
ရန်အောင်၊ ကျော်ဟိန်း၊ မြင့်မြင့်ခင်၊ မေသန်းနု၊ ဓာတ်ပုံသန်းညွန့်(ပန်းသာ)၊
ဒါရိုက် တာမောင်တင်ဦး၊ ဒါရိုက်တာကြည် စိုးထွန်းတို့ ဖြစ်ကြသည်။
၂၀၁၂ ခုနှစ် အကယ်ဒမီ
၂၀၁၁ ခုနှစ်အတွင်း ရုံတင်ပြသ ခဲ့သော ရုပ်ရှင်ကားများထဲမှ ရွေးချယ် ချီးမြှင့်မည့် အကယ်ဒမီ ထူးချွန်ဆု ချီး မြှင့်ပွဲကို (၂၀၁၂) ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုလုံလေလုံ အားကစားရုံတွင် ကျင်းပ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။ အကယ်ဒမီဆုပေးပွဲကို (၂ဝဝ၆)ခုနှစ် မှစ၍ နေပြည်တော်တွင် နှစ်စဉ်ကျင်းပ ခဲ့ပြီး ယခု (၂၀၁၂) ခုနှစ်တွင်မှ ရန်ကုန် မြို့တွင်ပြန်လည်ပြုလုပ်ရန် စီစဉ်လာ ခြင်းဖြစ်သည်။
အကယ်ဒမီထူးချွန်ဆုများကို မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေးအကြဲ ဖတ်
အဖွဲ့မှ နှစ်စဉ်ပေးအပ်ခဲ့သော်လည်း ယင်းအဖွဲ့အနေဖြင့် (၂၀၁၁)နှင့် (၂၀၁၂)
ခုနှစ်အတွက် ထူးချွန်ဆုများ ကို ပေးအပ်တော့မည်ဖြစ်ပြီး (၂၀၁၃) ခုနှစ်မှစ၍
မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကသာ တာဝန်ယူရွေးချယ်ပေးအပ် သွားမည်ဖြစ်သည်။
(၂၀၁၂) ခုနှစ် အကယ်ဒမီဆုပေး ပွဲတွင် ထူးခြားမှုအနေဖြင့် ဆုရွေးချယ် အကဲဖြတ်မှုအဆင့်တိုင်းတွင် ဒါရိုက် တာကြည်စိုးထွန်း၊ ဦးအောင်ကိုလတ်၊ ဒါရိုက်တာဦးဝင်းဖေ၊ ဒေါ်မြင့်မြင့်ခင်၊ ဦးသန်းဝင်း၊ ဒေါ်မြင့်မြင့်ခိုင်စသော အနုပညာရှင်၊ အတတ်ပညာရှင်များကို ထည့်သွင်းထားသည်။ ထို့ကြောင့် ယခင်ပြန်ကြားရေးဝန်ကြီးဌာနမှ ရွေး ချယ်ဖွဲ့စည်းပေးထားသော အကဲဖြတ် အဖွဲ့၏တင်းကျပ်သောဆင်ဆာမူဝါ ဒ
များကို ချိန်ထိုး၍အကဲဖြတ်ပေးသည့် စနစ်မှ အနုပညာရှင်များကိုယ်တိုင်
ပါဝင်အကဲဖြတ်မည့် ယခုနှစ် အကယ် ဒမီသည် အနုပညာလောကသားများ အတွက်
တစ်မူထူးခြားသောအပြောင်း အလဲများမြင်လာရဖွယ်ရှိသည်။ အကဲ ဖြတ်အဖွဲ့တွင်
အနုပညာရှင်များထည့် သွင်းထားမှုနှင့်ပတ်သက်၍ သရုပ် ဆောင်ကျော်ကျော်ဗိုက
"ကောင်းပါတယ် ဗျ။ ပိုပြီးတော့ ပွင့်လင်းမြင်သာလာတာ ပေါ့၊ ပိုပြီးတော့လည်း
ဘောင်လေးပို ကျယ်လာတာပေါ့၊ လွတ်လပ်စွာရွေး ချယ်ပိုင်ခွင့်တွေပါရှိလာတာ ပေါ့"ဟု
၎င်း၏အမြင်ကိုဆိုသည်။ ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်သူ တက္ကသိုလ် ဂွမ်းပုံကလည်း
"အနုပညာရှင်တွေရဲ့ သရုပ်ဆောင်မှုတွေကို ပိုင်ပိုင်နိုင်နိုင် သိနိုင်တာ
အနုပညာရှင်အစစ်တွေမှသိ နိုင်တာလေ၊ ဘယ်အခန်းမှာတော့ သရုပ်ဆောင်ရတာ ခက်ခဲတယ်၊
ဘယ် မှာတော့သူဟာသကနေ ဒရမ်မာချိုး သွားတယ်ဆိုတာ အနုပညာရှင်မှသိနိုင် တယ်၊
ဆုရွေးချယ်ရေးအဖွဲ့မှာသရုပ် ဆောင်တွေပါတဲ့အတွက် ရွေးချယ်တဲ့ နေရာမှာ တိတိကျကျမှန်မှန်ကန်ကန် လေးလုပ်နိုင်တာပေါ့"ဟု ၄င်း၏ထင် မြင်ချက်ကိုဖွင့်ဟသည်။
ငြိမ်ချက်သားကောင်းနေသော အကယ်ဒမီ
ယခင်နှစ်များက အကယ်ဒမီပေး ပွဲကျင်းပရန် တစ်လကျော်နှစ်လ လောက်အလိုကပင် မဂ္ဂဇင်း၊ ဂျာနယ် များ၌ အကယ်ဒမီခန့်မှန်းအမေးအဖြေ အင်တာဗျူးများ အပြိုင်အဆိုင်ဖော်ပြ ကြသော်လည်း ယခုနှစ်အကယ်ဒမီ အတွက်မူ မီဒီယာများသာမက အနု ပညာလောကသားများကိုယ်တိုင်က လည်း တိတ်ဆိတ်ငြိမ်သက်နေကြ သေးသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားေ န သောပဋိပက္ခများကြောင့် အကယ်ဒမီ ပေးပွဲကိုစိတ်ဝင်စားမှုနည်းပါးလျက်ရှိ ကြောင်း သရုပ်ဆောင်အကယ်ဒမီ ခန့်စည်သူကပြောဆိုသည်။
အကယ်ဒမီထူးချွန်ဆု လေးဆုရရှိ ထားသော သရုပ်ဆောင်မို့မို့မြင့်အော င်
က"ဘယ်သူတွေရမလဲတော့မသိသေး ပါဘူး၊ ဟာသပဲဖြစ်ဖြစ်၊ ဒရမ်မာပဲ ဖြစ်ဖြစ်၊
ဘယ်သူ့ကိုမဆိုရစေချင်ပါ တယ်၊ ဒီနှစ်ကရန်ကုန်မှာ ယူရမှာဆို တော့ ရမယ့်သူတွေ
အတွက်လည်း ဝမ်းသာစရာပါ"ဟု ၄င်း၏အမြင်ကို ပြောဆိုသည်။ ဒါရိုက်တာကိုဇော်
(အရုဏ်ဦး) ကမူ ယခုနှစ်အကယ်ဒမီ ခန့်မှန်းမှုများ ငြိမ်သက်နေကြောင်း၊
အမျိုးသားသရုပ်ဆောင်များအနက် မည်သူရမည်ဟုခန့်မှန်းပြောဆိုမှုများ
မရှိသော်လည်း အမျိုးသမီးသရုပ်ဆောင် များထဲတွင် သက်မွန်မြင့်နှင့်
ချစ်စနိုးဦး တို့ရနိုင်သည်ဟု ခန့်မှန်းထားကြောင်း ပြောပြသည်။
ဟာသ(၁၁)၊ ဒရမ်မာ (၄)
(၂၀၁၁) ခုနှစ်တွင် ရုံတင်ပြသ ခဲ့သော ရုပ်ရှင်ကားများမှာ ဟော့ရှော့ (၃)၊ အမွှေဇယား၊ အလန်းဇယား၊ ငါ့နှမလေးပွသွားပြီ၊ လာထားအာဘွား (၂)၊ အိုင်လပ်ဖ်ယူ၊ ချောကလက်ဘေဘီ၊ ဖလန်းဖလန်းဖြစ်တဲ့အချစ်၊ အားလုံးက ဟော့မှကြိုက်တယ်၊ ချိန်း၊ ချစ်ပန်းဝေ၊ ရင်ကွဲနာ၊ ဝဋ်ကြွေး၊ ပန်းကြာဝတ်မှုန်၊ ထာဝရအလင်းတန်းများတို့ဖြစ်ြ က
သည်။ ရုံတင်ဇာတ်ကား (၁၅)ကား အနက် (၁၁)ကားမှာ ဟာသကားများ ဖြစ်ပြီး
ဒရမ်မာဇာတ်ကား(၄)ကား သာပါဝင်သည်။ ယခင်ချီးမြှင့်နေကျ
ပုံစံအတိုင်းသာဆုရွေးချယ်မည်ဆိုပါက
(၂၀၁၁) ခုနှစ်အတွက် အကယ်ဒမီထူး ချွန်ဆုများကို ဝဋ်ေ<ကး၊ ရင်ကွဲနာ၊
ပန်းကြာဝတ်မှုန်၊ ထာဝရအလင်းတန်း များဇာတ်ကားတို့မှ အနုပညာရှင်များ ကသာ
သိမ်းကျုံးယူသွားဖွယ်ရှိသည် ။
ဟာသကားအကယ်ဒမီရမလား
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို အများအားဖြင့် ဒရမ်မာကားများကိုသာ ရွေးချယ်ချီးမြှင့်ပေးခဲ့သည်ကိုတွေ့ရ သော်လည်း ယခုနှစ်တွင်မူ အကဲဖြတ် အဆင့်များတွင် အနုပညာရှင်များပါဝင် မှု၊ ဆုရွေးချယ်ရာတွင်လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားသောကြော င့် ယခင်ကအကယ်ဒမီဆုရရှိရန်မမျှော် မှန်းနိုင်ခဲ့သော ဟာသကားများသည် လည်း ထူးချွန်ဆုများရလာနိုင်ကြော င်း အနုပညာအသိုင်းအဝိုင်းအတွင်း ထင် ကြေးပေးပြောဆိုနေကြသည်။ သရုပ် ဆောင်အကယ်ဒမီမင်းမော်ကွန်းက ဟာသကားဖြစ်ဖြစ်၊ ဒရမ်မာကားဖြစ် ဖြစ်၊ အနုပညာအရ၊ အိုက်တင်အရ ပီ ပြင်တယ်ဆိုရင်တော့ပေးသင့်တယ်လို့ မြင်ပါတယ်"ဟု ၄င်း၏အမြင်ကိုပြော ပြသည်။
အကယ်ဒမီမို့မို့မြင့်အောင်က
လည်း "ထုံးတမ်းစဉ်လာလိုဖြစ်နေတာ ကဟာသကားတွေမပေးဘူးဆိုတာ တော့ရှိတာပေါ့လေ။
ဒါပေမဲ့ ရဲအောင် တစ်ယောက်တော့ "အကယ်ဒမီရှော့" ဇာတ်ကားမှာ
သူ့ကာရိုက်တာနဲ့ဝင်တော့ ဟာသကားပေမယ့် အကယ်ဒမီရသွား ဖူးတယ်"ဟုပြောပြသည်။
ဟာသသရုပ် ဆောင်တက္ကသိုလ်ဂွမ်းပုံကလည်း "တစ်လောကဂျာနယ်တစ်စောင်မှာ အကဲဖြတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့  အန်တီ မြင့်မြင့်ခိုင်ကနေပြီး ဟာသသည်လည်း အနုပညာတစ်ရပ်ပါပဲ။ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ရင်ပေးသင့်ပါတယ် လို့ပြောသွားတာ အစ်မဖတ်လိုက်ရ တယ်။ အစ်မအရမ်းဝမ်းသာပါတယ်။ အစ်မတို့လိုဟာသသရုပ်ဆောင်တွေ အတွက် တစ်အားပါပဲ"ဟု ပြောသည်။
အကယ်ဒမီနှင့် ပရိသတ်
နှစ်စဉ်ကျင်းပလျက်ရှိသော အကယ်ဒမီထူးချွန်ဆုပေးပွဲသည် အနု ပညာလောကသားများသာမက ရုပ်ရှင် ချစ်ပရိသတ်များပါစောင့်ကြည့်ရင်ခုန် ရသော အခမ်းအနားတစ်ခုဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားများကိုကြည့်ရှုအား ပေးလျက်ရှိသော ပရိသတ်တစ်ဦးဖြစ် သည့် မအေးအေးအောင်က ဆုရွေးချယ် ရေးအဖွဲ့၏ရွေးချယ်မှုများနှင့် မိမိခန့် မှန်းထားသောသရုပ်ဆောင်များ ဇာတ် ကားများတိုက်ဆိုင်မှုရှိမရှိ ရင်ခုန်ရန် အကယ်ဒမီပေးပွဲများကို နှစ်စဉ်ကြည့်ရှု ဖြစ်ကြောင်း၊ အချို့နှစ်များတွင် အကဲ ဖြတ်အဖွဲ့၏ရွေးချယ်မှုများကိုလက်ခံ နိုင်သော်လည်း၊ အချို့နှစ်များတွင်မူ ရသင့်ရထိုက်သည့်အနုပညာရှင်များ အား ထူးချွန်ဆုမပေးခြင်းအပေါ် နား မလည်နိုင်အောင်ဖြစ်ရကြောင်း ၊
ဥပမာ- ယခင်နှစ်က ‘အာဒံရယ် ဧဝရယ် ဒဿ ရယ်’ ဇာတ်ကားသည် ဇာတ်ကားဆု
ဇာတ်ဆောင်မင်းသားဆုနှင့် မင်းသမီး ဆုတို့ရရှိခဲ့သော်လည်း အဆိုပါဇာတ် ကား၏
ဒါရိုက်တာ ဝိုင်းထူးချွန်ဆုမရခြင်းကို
နားမလည်နိုင်ကြောင်းပြောပြ သည်။ ပရိသတ်တစ်ဦးဖြစ်သူ ကိုရဲရင့် ကမူ
မြန်မာနိုင်ငံရှိ အကယ်ဒမီ ထူးချွန်ဆုပေးပွဲသည် ထူးချွန်ဆုရွေး ချယ်ရာတွင်
ဘောင်ကျဉ်းလွန်းကြောင်း၊ ရုံတင်ဇာတ်ကားများ၌ ဟာသကားများ ဖယ်လိုက်လျှင်
ကျန်သည့်ဒရမ်မာကား များထဲမှ အကယ်ဒမီဆုရမည့်သူကို ခန့်မှန်းနိုင်ကြောင်း၊
အကယ်ဒမီဆုကို လည်း မိဘမေတ္တာဖွဲ့ကားများကသာ အများဆုံးရကြောင်း၊ အကယ်ဒမီဆုရ
ရန်ရည်ရွယ်၍ ရိုက်ကူးထားသောကား များသည်လည်း မိဘမေတ္တာဘွဲ့များပင်
ဖြစ်ကြောင်း၊ ဆန်းသစ်သောဇာတ်လမ်း ဇာတ်ကွက်များဖြင့် အကယ်ဒမီဆုရရှိ
သောဇာတ်ကားများမတွေ့ဖူးကြော င်း ၄င်း၏အမြင်ကိုပြောပြသည်။
အကယ်ဒမီနှင့် ဖက်ရှင်
အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အဝတ်အစားဖက်ရှင်ဒီဇိုင်းများသည် လည်း တစ်နှစ်ထက်တစ်နှစ်ပိုမိုဆန်း သစ်လာခဲ့သည်။ ဒီဇိုင်နာများမပေါ် ပေါက်မီက သရုပ်ဆောင်များအနေဖြင့် အကယ်ဒမီပွဲတက်ရန် မိမိတို့၏ပင် တိုင်အလှဖန်တီးရှင်များနှင့် တိုင်ပင်၍ ပွဲတက်ဝတ်စုံကို တီထွင်ဖန်တီးရသည်။ ၂၀၀၀ ပြည့်နှစ်အကျော်တွင် ဒီဇိုင်နာ ယဉ်ကျေးမှုပေါ်ပေါက်လာပြီးနော က် သရုပ်ဆောင်များအတွက်ပွဲတက်ဝ တ်စုံ များကို ဒီဇိုင်နာများကတာဝန်ယူလာကြ သည်။ တစ်နိုင်ငံလုံးမှစောင့်ကြည့်သော အကယ်ဒမီထူးချွန်ဆုပေးပွဲတွင်
သရုပ် ဆောင်များနှင့်တွဲ၍ မိမိတို့တီထွင်ဖန် တီးထားသောဝတ်စုံများကို
ပရိသတ် များသတိပြုမိစေရန် သူ့ထက်ငါ အပြိုင် အဆိုင်စပွန်ဆာပေးလာကြသည်။
ပရိသတ်များနှစ်ခြိုက်လက်ခံေ သာ အကယ်ဒမီပွဲတက်ဝတ်စုံများကို တီထွင် ဖန်တီးခဲ့သောဒီဇိုင်နာပြည်စိုးအောင်က "ဒီနှစ်အကယ်ဒမီ ကိုယ်မချုပ်ဘူး။ အခု ဒီဇိုင်နာအငယ်တွေကအကုန်လုံး လု
လုပ်နေကြတယ်။ ကိုယ်တွေကကိုယ့် ဂုဏ်သိက္ခာနဲ့ နေနေတဲ့သူတွေဆိုတော့
အဲဒီလိုမလုပ်ချင်ဘူး။ ကိုယ်တို့၊ မမဉ္ဇူတို့၊ မိုးကုတ်ပေါက်ပေါက်တို့
အကုန်လုံးက အငယ်တွေ ချုပ်ပါစေ၊ အနားနီး တော့မှ အဆင်မပြေလို့
အကူအညီတောင်းမှပဲ လုပ်ပေးဖို့ စဉ်းစားထားတယ်"ဟု ဒီဇိုင်နာများ
များပြားလာခြင်းနှင့် ပတ် သက်၍ ၄င်း၏အမြင်ကို ပြောဆိုသည်။
အကယ်ဒမီပေးပွဲ ကျင်းပရန် တစ် လကျော်သာ လိုတော့ချိန်တွင် သရုပ် ဆောင်များမှ ဝတ်စုံဖန်တီးမည့်ဒီဇိုင်နာ များကို ရွေးချယ်ထားသကဲ့သို့ ဒီဇိုင်နာ များမှလည်း ဝတ်စုံချုပ်လုပ်ပေးရန် သရုပ်ဆောင်များကိုကမ်းလှမ်း ထားကြ
သည်။ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းက "ဒီနှစ် ကျွန်တော့်ကို ဝါရွှေစင်
ပိုးထည်တိုက်က ချိတ်စပွန်ဆာ ပေးထားပါတယ်၊ ချုပ်ပေးမယ့် ဒီဇိုင်နာ ကတော့
မင်းသက်စံပါ"ဟုပြောသည်။
အကယ်ဒမီ မို့မို့မြင့်အောင်က ယခုနှစ်တွင် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ချုပ်ပေးသည့် ဝတ်စုံဖြင့်ပွဲတက် မည်ဖြစ်ကြောင်းဆိုသည်။ ဒီဇိုင်နာ ကောင်းမြတ် (I Love Fashion) ကမူ "ဒီနှစ်က မိုးဟေကို၊ သီရိရှင်းသန့်၊ ချောရတနာတို့ကို ချုပ်ပေးမှာပါ၊ ပိတ်စ ကိုတော့ ချိတ်ဆိုင်တွေက စပွန်ဆာ ပေးတာပါ"ဟု ပြောပြသည်။
ယခင်က အကယ်ဒမီ ပွဲတက်ဝတ်စုံများတွင် ရင်စေ့၊ ရင်ဖုံး စသောမြန်မာ့ရိုးရာ အင်္ကျီပုံစံများကိုသာ အတွေ့ရများ သော်လည်း ယခုနှစ်များ အတွင်းတွင် အနောက်တိုင်း ဟန်နွှယ်သော တီထွင် ဖန်တီးမှုများကို တွေ့လာရသည်။ အဝတ်အစား ဖက်ရှင် ဒီဇိုင်းများပြောင်း လဲမှုအပေါ် ဒီဇိုင်နာသွင်စုထွေးက "ဒါ ကတော့ ခေတ်ရေစီးကြောင်း အရလို့ ထင်တယ်၊ အခုကပွဲအကြီးတွေဆိုရင် Evening Gown တွေဝတ်လာကြတာ များတယ်လေ၊ အကယ်ဒမီပွဲကလည်း တစ်နှစ်တစ်ခါကျင်းပတဲ့ပွဲကြီးဆိုတော့
ခေတ်ရေစီးကြောင်းအရ Evening Dress ပုံစံမျိုးတွေဝတ်လာကြတယ်လို့  ထင်တယ်"ဟု ပြောကြားသည်။
အကယ်ဒမီပွဲတက် ဝတ်စုံများကို ရိုးရာကို အခြေခံ၍ ဆန်းသစ်ခြင်းကို ပိုကြိုက်ကြောင်း၊ ပွဲလမ်းသဘင်များ တွင် သူ့လမ်း၊ သူ့စခန်းနှင့် ဝတ်ရမည် ဟုအဆိုရှိကြောင်း၊ အကယ်ဒမီ ဖိတ်စာ ထဲတွင် မြန်မာဝတ်စုံနှင့် တက်ရောက် ပါရန်ဟု ရေးသားထားကြောင်း၊ ထို့ ကြောင့် အရမ်းကြီး ဆန်းသစ်မှုမျိုးကို မကြိုက်ကြောင်း ပြောဆိုသူမှာ ဒီဇိုင်နာ ပြည်စိုးအောင်ဖြစ်သည်။ ပရိသတ် တစ်ဦးဖြစ်သူ မဖြူဖြူသွယ်က "ခေတ် ရေစီးကြောင်းအရ ဝတ်တာကိုနားလည် ပါတယ်။ ဒါပေမဲ့တချို့မင်းသမီးတွေ ဝတ်တာကတော့ အမြင်ရိုင်းတယ်။ အိန္ဒြာကျော်ဇင်ဝတ်တဲ့ လုံခြုံမှုလည်းရှိ၊ ဖက်ရှင်လည်းကျ၊ လှလည်းလှတဲ့ပုံစံ မျိုးကို ပိုသဘောကျတယ်"ဟု ၄င်း၏ အမြင်ကိုပြောပြသည်။
အကယ်ဒမီပွဲတက် ဝတ်စုံများကို ပွဲအပြီးတွင် ဆိုင်သို့လာသော Customer များမှ ယင်းပုံစံအတိုင်း ချုပ်ပေးရန် တောင်းဆိုမှုများ ရှိကြောင်း ဒီဇိုင်နာ ကောင်းမြတ်က ပြောဆိုသည်။ အကယ် ဒမီဝတ်စုံများကို ပွဲနေ၊ ပွဲထိုင် ဝတ်ရန် နှင့် ဘွဲ့ယူအခမ်းအနားများတွင် ဝတ် ရန် တုပ ချုပ်ခိုင်းခြင်းမျိုး ရှိကြောင်း စက်ချုပ်ဆိုင်ဖွင့်လှစ်ထားသူ ဒေါ်နီနီ ကဆိုသည်။
အကယ်ဒမီနှင့် ဓာတ်ပုံ
အနုပညာရှင်တစ်ယောက်၏ ဘဝတွင် အပျော်ရွှင်ဆုံးအချိန်၊ အလှပ ဆုံး ပုံရိပ်များကို မဂ္ဂဇင်း၊ ဂျာနယ်၊ မီဒီယာများတွင် ထင်ဟပ် ဖော်ပြနိုင်ရန် အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ တွင် ဓာတ်ပုံဆရာများမှာ အရေးပါ သောအခန်းကဏ္ဍတစ်ခုမှပါဝင်သည်။
အကယ်ဒမီပွဲအတွက် မှတ်တမ်းဓာတ်ပုံ ရိုက်ရာတွင် မီဒီယာများမှတိုက်ပိုင်
သတင်းထောက်များ၊ ဓာတ်ပုံဆရာများ ကိုစေလွှတ်သကဲ့သို့ အချို့မဂ္ဂဇင်း၊
ဂျာနယ်မီဒီယာများမှာ အကယ်ဒမီပွဲ အတွက် Professional ဓာတ်ပုံဆရာ များကို
ပုတ်ပြတ်စနစ်ဖြင့် ငှားရမ်း ရိုက်ကူးစေသည်။ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူး
ရာတွင် ဓာတ်ပုံဆရာ အများစုမှာ တိုက်တစ်ခုတည်း အတွက်သာ ရိုက်ကူး ပေးသော်လည်း
အချို့ဓာတ်ပုံဆရာများမှာ ရရှိသောဓာတ်ပုံများကို မီဒီယာနှစ်ခု၊ သုံးခုသို့
ဝေမျှပေးသည်။ "အကယ်ဒမီပွဲ အတွက်ကို တစ်သိန်းခွဲနဲ့လက်ခံရိုက် ကူးပါတယ်၊
ရိုက်တဲ့နေရာမှာလည်း တိုက်တစ်ခုထဲနဲ့ အလုပ်လုပ်တယ်၊ ဥပမာ-ကျွန်တော်က Voice
အတွက် ရိုက်တယ်ဆိုရင် ကျွန်တော်ရိုက်တဲ့ပုံ လိုချင်ရင် Voice မှာ
သွားတောင်းလိုက် ပါလို့ ပြောလိုက်တယ်၊ ပုံတွေအကုန် လုံးကို ကျွန်တော်
လက်ခံထားတဲ့တိုက် ကို အပ်လိုက်တာပါ"ဟု ဓာတ်ပုံဆရာ
တစ်ဦးဖြစ်သူအောင်ကျော်မိုး (New Image) ကပြောကြားသည်။ ဓာတ်ပုံ
ဆရာအေးဇော်မိုး(စက်မှု)ကလည်း "ရှေ့ပိုင်းတွေတုန်းက ၉၆-၂၀၀၁ လောက်တုန်းက ဖလင်ခေတ်
ဆိုတော့ ပြည်မြန်မာ၊ ပေါ်ပြူလာ၊ Fashion Image စတဲ့ သုံးတိုက်လောက် ရိုက်ဖူး တယ်။ နောက်ပိုင်းမှာတော့ ပေါ်ပြူလာ တစ်တိုက်ထဲအတွက်
ရိုက်ပေးတော့ တယ်။ အနုပညာကြေးကတော့ ပေါ်ပြူလာက မိသားစုလို ဖြစ်နေ တဲ့အတွက် ရိုက်ခဲ့သမျှအကုန်လုံးပေး လိုက်တယ်။ နောက်မှသူတို့က အနု ပညာကြေး တစ်ခု ပေးတာပေါ့နော်"ဟု ပြောပြသည်။
အကယ်ဒမီ ဓာတ်ပုံရိုက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ဓာတ်ပုံဆရာ ဦးအောင် ကျော်မိုးက "အကယ်ဒမီ ဘယ်သူရမယ် ဆိုတာ အတိအကျ မသိတဲ့အတွက် တောင်ပြေးရမလား၊ မြောက်ပြေးရ မလား မသိတာမျိုးကြုံရတယ်။ အကယ်ဒမီ ရနိုင်တဲ့သူကို လျှောက်လမ်း ရဲ့ ဘယ်ညာမှာ နေရာချထားတတ်ပေ မယ့် တစ်ခါတလေကျတော့ နာမည် ကြီးပြီး မရတာမျိုး ကြုံရတတ်တယ်။ အဲဒီတော့ ပုံကောင်းရအောင်များနိုင် သလောက် များများ ရိုက်ကြပါတယ်။ အကယ်ဒမီပေးပွဲက ကောဇောနီ (Red Carpet) တွေဘာတွေ ခင်းပြီး အဆင့် မြင့်မြင့် ကျင်းပလာသလို မီဒီယာ သမား တွေကလည်း ကျင့်ဝတ် (Eithics) စောင့်ထိန်းဖို့လိုတယ်။ တချို့ဓာတ်ပုံ ဆရာတွေက ရှေ့ကနေ ပိတ်ပြီးတော့ ပေပြီးရိုက်နေတဲ့ အတွက် တခြားသူ တွေ ပုံကောင်း မရတာမျိုး ကြုံရတယ်။ အဲဒီတော့ အားလုံးမျှမျှတတဖြစ်အောင် စည်းကမ်းတကျလေး ရိုက်စေချင်ပါ တယ်"ဟု ပြောသည်။
အကယ်ဒမီ ဓာတ်ပုံရိုက်ကူးရာ တွင် Still သမား Movie သမား မခွဲ ခြားဘဲ ရိုက်ခွင့်ပြုစေလိုကြောင်း Still သမား ဖြစ်သည့်အတွက် အပြင်က လှမ်း ရိုက်၊ Movie သမားဖြစ်သည့်အတွက် အတွင်းက ဝင်ရိုက်ဟူ၍ မခွဲခြားစေလို ခြင်းဖြစ်ကြောင်း၊ ကောဇောနီလျှောက် လမ်းတွင် သရုပ်ဆောင်များလမ်း လျှောက်လာသည့်အချိန်၊ ထိုင်ခုံတွင် ထိုင်နေသည့် အချိန်များတွင် အားလုံး Logo Shot နှင့်သာ ရိုက်မည်ဆိုပါက ကြည့်ရှုသူ ပရိသတ်များရော မီဒီယာ သမားများပါ အဆင်ပြေနိုင်မည်ဖြစ် ကြောင်း ဓာတ်ပုံဆရာအေးဇော်မိုး (စက်မှု)က ကြုံတွေ့ရသော အခက်အခဲ နှင့် ၄င်း၏ ဆန္ဒအချို့ကို ဖွင့်ဟသည်။
အနုပညာရှင်၊ ပရိသတ်နှင့် မီဒီ ယာများ၏ ရင်ခုန်သံများ ထပ်တူညီမှု ရှိမရှိ အဖြေထုတ်ရန်မှာ (၂၀၁၂)ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပ မည့် အကယ်ဒမီ ထူးချွန် ဆုပေးပွဲကိုသာ မျှော်လင့် စောင့်စားရပေဦးမည်။
The Voice Weekly
အကယ်ဒမီသမိုင်း
ရုပ်ရှင် အနုပညာရှင်များအတွက် သမိုင်းမှတ်တိုင် တစ်ခုဖြစ်သော အကယ်ဒမီ ထူးချွန်ဆုများကို (၁၉၅၂) ခုနှစ်တွင် စတင် ချီးမြှင့်ခဲ့သည်။ အကယ်ဒမီဆု စတင် ပေးအပ်သောနှစ်တွင် အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု စသည် ဖြင့် ဆုအမျိုးအစား သုံးမျိုးသာ ချီးမြှင့်ခဲ့သည်။ ထို့နောက် (၁၉၅၄) ခုနှစ်တွင် အကောင်းဆုံး ဒါရိုက်တာဆု၊ (၁၉၅၆) ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင် ရိုက်ကူးသည့် အတတ်ပညာဆု၊ (၁၉၆၂)ခုနှစ် တွင် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ သရုပ်ဆောင်ဆုနှင့် အမျိုးသမီးဆု၊ (၁၉၉၀)ပြည့်နှစ်တွင် အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆု၊ တေးဂီတဆု၊ အသံဆု၊ ရုပ်ရှင်တည်းဖြတ်ဆု စသည်ဖြင့် တစ်စ တစ်စ တိုးချဲ့ချီးမြှင့်ခဲ့ရာ လက်ရှိအချိန် တွင် ဆုအမျိုးအစား(၁၁)မျိုး အထိ ချီးမြှင့်နေပြီ ဖြစ်သည်။
မြန်မာ့ရုပ်ရှင်သမိုင်းတွင်
၂၀၁၂ ခုနှစ် အကယ်ဒမီ
၂၀၁၁ ခုနှစ်အတွင်း ရုံတင်ပြသ ခဲ့သော ရုပ်ရှင်ကားများထဲမှ ရွေးချယ် ချီးမြှင့်မည့် အကယ်ဒမီ ထူးချွန်ဆု ချီး မြှင့်ပွဲကို (၂၀၁၂) ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့၊ သုဝဏ္ဏ မိုလုံလေလုံ အားကစားရုံတွင် ကျင်းပ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထားသည်။ အကယ်ဒမီဆုပေးပွဲကို (၂ဝဝ၆)ခုနှစ် မှစ၍ နေပြည်တော်တွင် နှစ်စဉ်ကျင်းပ ခဲ့ပြီး ယခု (၂၀၁၂) ခုနှစ်တွင်မှ ရန်ကုန် မြို့တွင်ပြန်လည်ပြုလုပ်ရန်
အကယ်ဒမီထူးချွန်ဆုများကို မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေးအကြဲ
(၂၀၁၂) ခုနှစ် အကယ်ဒမီဆုပေး ပွဲတွင် ထူးခြားမှုအနေဖြင့် ဆုရွေးချယ် အကဲဖြတ်မှုအဆင့်တိုင်းတွင် ဒါရိုက် တာကြည်စိုးထွန်း၊ ဦးအောင်ကိုလတ်၊ ဒါရိုက်တာဦးဝင်းဖေ၊ ဒေါ်မြင့်မြင့်ခင်၊ ဦးသန်းဝင်း၊ ဒေါ်မြင့်မြင့်ခိုင်စသော အနုပညာရှင်၊ အတတ်ပညာရှင်များကို ထည့်သွင်းထားသည်။ ထို့ကြောင့် ယခင်ပြန်ကြားရေးဝန်ကြီးဌာနမ
ငြိမ်ချက်သားကောင်းနေသော အကယ်ဒမီ
ယခင်နှစ်များက အကယ်ဒမီပေး ပွဲကျင်းပရန် တစ်လကျော်နှစ်လ လောက်အလိုကပင် မဂ္ဂဇင်း၊ ဂျာနယ် များ၌ အကယ်ဒမီခန့်မှန်းအမေးအဖြေ အင်တာဗျူးများ အပြိုင်အဆိုင်ဖော်ပြ ကြသော်လည်း ယခုနှစ်အကယ်ဒမီ အတွက်မူ မီဒီယာများသာမက အနု ပညာလောကသားများကိုယ်တိုင်က လည်း တိတ်ဆိတ်ငြိမ်သက်နေကြ သေးသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားေ
အကယ်ဒမီထူးချွန်ဆု လေးဆုရရှိ ထားသော သရုပ်ဆောင်မို့မို့မြင့်အော
ဟာသ(၁၁)၊ ဒရမ်မာ (၄)
(၂၀၁၁) ခုနှစ်တွင် ရုံတင်ပြသ ခဲ့သော ရုပ်ရှင်ကားများမှာ ဟော့ရှော့ (၃)၊ အမွှေဇယား၊ အလန်းဇယား၊ ငါ့နှမလေးပွသွားပြီ၊ လာထားအာဘွား (၂)၊ အိုင်လပ်ဖ်ယူ၊ ချောကလက်ဘေဘီ၊ ဖလန်းဖလန်းဖြစ်တဲ့အချစ်၊ အားလုံးက ဟော့မှကြိုက်တယ်၊ ချိန်း၊ ချစ်ပန်းဝေ၊ ရင်ကွဲနာ၊ ဝဋ်ကြွေး၊ ပန်းကြာဝတ်မှုန်၊ ထာဝရအလင်းတန်းများတို့ဖြစ်ြ
ဟာသကားအကယ်ဒမီရမလား
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုမ
အကယ်ဒမီမို့မို့မြင့်အောင်က
အကယ်ဒမီနှင့် ပရိသတ်
နှစ်စဉ်ကျင်းပလျက်ရှိသော အကယ်ဒမီထူးချွန်ဆုပေးပွဲသည်
အကယ်ဒမီနှင့် ဖက်ရှင်
အကယ်ဒမီထူးချွန်ဆုပေးပွဲတွင
ပရိသတ်များနှစ်ခြိုက်လက်ခံေ
အကယ်ဒမီပေးပွဲ ကျင်းပရန် တစ် လကျော်သာ လိုတော့ချိန်တွင် သရုပ် ဆောင်များမှ ဝတ်စုံဖန်တီးမည့်ဒီဇိုင်နာ များကို ရွေးချယ်ထားသကဲ့သို့ ဒီဇိုင်နာ များမှလည်း ဝတ်စုံချုပ်လုပ်ပေးရန် သရုပ်ဆောင်များကိုကမ်းလှမ်း
အကယ်ဒမီ မို့မို့မြင့်အောင်က ယခုနှစ်တွင် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ချုပ်ပေးသည့် ဝတ်စုံဖြင့်ပွဲတက် မည်ဖြစ်ကြောင်းဆိုသည်။ ဒီဇိုင်နာ ကောင်းမြတ် (I Love Fashion) ကမူ "ဒီနှစ်က မိုးဟေကို၊ သီရိရှင်းသန့်၊ ချောရတနာတို့ကို ချုပ်ပေးမှာပါ၊ ပိတ်စ ကိုတော့ ချိတ်ဆိုင်တွေက စပွန်ဆာ ပေးတာပါ"ဟု ပြောပြသည်။
ယခင်က အကယ်ဒမီ ပွဲတက်ဝတ်စုံများတွင် ရင်စေ့၊ ရင်ဖုံး စသောမြန်မာ့ရိုးရာ အင်္ကျီပုံစံများကိုသာ အတွေ့ရများ သော်လည်း ယခုနှစ်များ အတွင်းတွင် အနောက်တိုင်း ဟန်နွှယ်သော တီထွင် ဖန်တီးမှုများကို တွေ့လာရသည်။ အဝတ်အစား ဖက်ရှင် ဒီဇိုင်းများပြောင်း လဲမှုအပေါ် ဒီဇိုင်နာသွင်စုထွေးက "ဒါ ကတော့ ခေတ်ရေစီးကြောင်း အရလို့ ထင်တယ်၊ အခုကပွဲအကြီးတွေဆိုရင် Evening Gown တွေဝတ်လာကြတာ များတယ်လေ၊ အကယ်ဒမီပွဲကလည်း တစ်နှစ်တစ်ခါကျင်းပတဲ့ပွဲကြ
ခေတ်ရေစီးကြောင်းအရ Evening Dress ပုံစံမျိုးတွေဝတ်လာကြတယ်လို
အကယ်ဒမီပွဲတက် ဝတ်စုံများကို ရိုးရာကို အခြေခံ၍ ဆန်းသစ်ခြင်းကို ပိုကြိုက်ကြောင်း၊ ပွဲလမ်းသဘင်များ တွင် သူ့လမ်း၊ သူ့စခန်းနှင့် ဝတ်ရမည် ဟုအဆိုရှိကြောင်း၊ အကယ်ဒမီ ဖိတ်စာ ထဲတွင် မြန်မာဝတ်စုံနှင့် တက်ရောက် ပါရန်ဟု ရေးသားထားကြောင်း၊ ထို့ ကြောင့် အရမ်းကြီး ဆန်းသစ်မှုမျိုးကို မကြိုက်ကြောင်း ပြောဆိုသူမှာ ဒီဇိုင်နာ ပြည်စိုးအောင်ဖြစ်သည်။ ပရိသတ် တစ်ဦးဖြစ်သူ မဖြူဖြူသွယ်က "ခေတ် ရေစီးကြောင်းအရ ဝတ်တာကိုနားလည် ပါတယ်။ ဒါပေမဲ့တချို့မင်းသမီးတွေ ဝတ်တာကတော့ အမြင်ရိုင်းတယ်။ အိန္ဒြာကျော်ဇင်ဝတ်တဲ့ လုံခြုံမှုလည်းရှိ၊ ဖက်ရှင်လည်းကျ၊ လှလည်းလှတဲ့ပုံစံ မျိုးကို ပိုသဘောကျတယ်"ဟု ၄င်း၏ အမြင်ကိုပြောပြသည်။
အကယ်ဒမီပွဲတက် ဝတ်စုံများကို ပွဲအပြီးတွင် ဆိုင်သို့လာသော Customer များမှ ယင်းပုံစံအတိုင်း ချုပ်ပေးရန် တောင်းဆိုမှုများ ရှိကြောင်း ဒီဇိုင်နာ ကောင်းမြတ်က ပြောဆိုသည်။ အကယ် ဒမီဝတ်စုံများကို ပွဲနေ၊ ပွဲထိုင် ဝတ်ရန် နှင့် ဘွဲ့ယူအခမ်းအနားများတွင် ဝတ် ရန် တုပ ချုပ်ခိုင်းခြင်းမျိုး ရှိကြောင်း စက်ချုပ်ဆိုင်ဖွင့်လှစ်ထားသ
အကယ်ဒမီနှင့် ဓာတ်ပုံ
အနုပညာရှင်တစ်ယောက်၏ ဘဝတွင် အပျော်ရွှင်ဆုံးအချိန်၊ အလှပ ဆုံး ပုံရိပ်များကို မဂ္ဂဇင်း၊ ဂျာနယ်၊ မီဒီယာများတွင် ထင်ဟပ် ဖော်ပြနိုင်ရန် အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ တွင် ဓာတ်ပုံဆရာများမှာ အရေးပါ သောအခန်းကဏ္ဍတစ်ခုမှပါဝင်သည်။
ဆိုတော့ ပြည်မြန်မာ၊ ပေါ်ပြူလာ၊ Fashion Image စတဲ့ သုံးတိုက်လောက် ရိုက်ဖူး တယ်။ နောက်ပိုင်းမှာတော့ ပေါ်ပြူလာ တစ်တိုက်ထဲအတွက်
ရိုက်ပေးတော့ တယ်။ အနုပညာကြေးကတော့ ပေါ်ပြူလာက မိသားစုလို ဖြစ်နေ တဲ့အတွက် ရိုက်ခဲ့သမျှအကုန်လုံးပေး လိုက်တယ်။ နောက်မှသူတို့က အနု ပညာကြေး တစ်ခု ပေးတာပေါ့နော်"ဟု ပြောပြသည်။
အကယ်ဒမီ ဓာတ်ပုံရိုက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ပတ်သက်၍ ဓာတ်ပုံဆရာ ဦးအောင် ကျော်မိုးက "အကယ်ဒမီ ဘယ်သူရမယ် ဆိုတာ အတိအကျ မသိတဲ့အတွက် တောင်ပြေးရမလား၊ မြောက်ပြေးရ မလား မသိတာမျိုးကြုံရတယ်။ အကယ်ဒမီ ရနိုင်တဲ့သူကို လျှောက်လမ်း ရဲ့ ဘယ်ညာမှာ နေရာချထားတတ်ပေ မယ့် တစ်ခါတလေကျတော့ နာမည် ကြီးပြီး မရတာမျိုး ကြုံရတတ်တယ်။ အဲဒီတော့ ပုံကောင်းရအောင်များနိုင် သလောက် များများ ရိုက်ကြပါတယ်။ အကယ်ဒမီပေးပွဲက ကောဇောနီ (Red Carpet) တွေဘာတွေ ခင်းပြီး အဆင့် မြင့်မြင့် ကျင်းပလာသလို မီဒီယာ သမား တွေကလည်း ကျင့်ဝတ် (Eithics) စောင့်ထိန်းဖို့လိုတယ်။ တချို့ဓာတ်ပုံ ဆရာတွေက ရှေ့ကနေ ပိတ်ပြီးတော့ ပေပြီးရိုက်နေတဲ့ အတွက် တခြားသူ တွေ ပုံကောင်း မရတာမျိုး ကြုံရတယ်။ အဲဒီတော့ အားလုံးမျှမျှတတဖြစ်အောင် စည်းကမ်းတကျလေး ရိုက်စေချင်ပါ တယ်"ဟု ပြောသည်။
အကယ်ဒမီ ဓာတ်ပုံရိုက်ကူးရာ တွင် Still သမား Movie သမား မခွဲ ခြားဘဲ ရိုက်ခွင့်ပြုစေလိုကြောင်း Still သမား ဖြစ်သည့်အတွက် အပြင်က လှမ်း ရိုက်၊ Movie သမားဖြစ်သည့်အတွက် အတွင်းက ဝင်ရိုက်ဟူ၍ မခွဲခြားစေလို ခြင်းဖြစ်ကြောင်း၊ ကောဇောနီလျှောက် လမ်းတွင် သရုပ်ဆောင်များလမ်း လျှောက်လာသည့်အချိန်၊ ထိုင်ခုံတွင် ထိုင်နေသည့် အချိန်များတွင် အားလုံး Logo Shot နှင့်သာ ရိုက်မည်ဆိုပါက ကြည့်ရှုသူ ပရိသတ်များရော မီဒီယာ သမားများပါ အဆင်ပြေနိုင်မည်ဖြစ် ကြောင်း ဓာတ်ပုံဆရာအေးဇော်မိုး (စက်မှု)က ကြုံတွေ့ရသော အခက်အခဲ နှင့် ၄င်း၏ ဆန္ဒအချို့ကို ဖွင့်ဟသည်။
အနုပညာရှင်၊ ပရိသတ်နှင့် မီဒီ ယာများ၏ ရင်ခုန်သံများ ထပ်တူညီမှု ရှိမရှိ အဖြေထုတ်ရန်မှာ (၂၀၁၂)ခုနှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပ မည့် အကယ်ဒမီ ထူးချွန် ဆုပေးပွဲကိုသာ မျှော်လင့် စောင့်စားရပေဦးမည်။
The Voice Weekly



0 comments:
Post a Comment