Pages

Wednesday, November 21, 2012

လျှပ်စစ်မီး နာရီတိုးရရှိရေး တောင်းဆိုကြမည်


Thursday, November 22, 2012 

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် အမာမြို့နယ်မှာ လျှပ်စစ်မီးပေးနေရာမှာ အစိုးရ
ဖက်က ပြည်သူတွေအပေါ်ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဒေသခံတွေက
တောင်းဆိုချက်(၅) ချက်နဲ့ ဒီလ(၂၃) ရက်နေ့မှာ တောင်းဆိုဆန္ဒပြမယ်လို့ သိရပါတယ်။

အခုလိုဆန္ဒပြရတာဟာ ဒေသခံပြည်သူတွေထံကနေ ကောက်ခံထားတဲ့ငွေကြေးတွေကို မြို့နယ်လျှပ်စစ်ဌာနက စာရင်းဇယား မပြသနိုင်တဲ့အတွက် ဆန္ဒပြတေ
ာင်းဆိုမှာဖြစ်တယ်လို့ မီးရရှိရေးအဖွဲ့ဝင် ကိုဇော်ဝင်းက RFA ကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က စတင်ပြီး မြို့နယ်လျှပ်စစ်မီးပေးဝေရေးနဲ့အမာဒေသခံတွေ ပူးပေါင်းပြီး တစ်နေ့ကို နှစ်နာရီ မီးပေးဝေခဲ့ကြပါတယ်။

မြို့နယ်လျှပ်စစ်ဌာနဖက်က မီးစက်နဲ့ ဒေသခံတွေက မီးစက်မောင်းဖို့ ဆီဖိုးစိုက်ထုတ်ပြီး လျှပ်စစ်မီး ရယူခဲ့ကြပေမယ့် မြို့နယ်လျှပ်စစ်ဌာနရဲ့ မီးစက်ဖိုး ငွေကြေးကောက်ခံပြီး ဆီသုံးစွဲမှုစာရင်း တောင်းယူရာမှာ မြို့နယ်လျှပ်စစ်ဌာနက ဖြေရှင်းမပေးနိုင်တဲ့အတွက် အခုလို
တောင်းဆိုဆန္ဒပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

RFA

0 comments:

Post a Comment