Pages

Sunday, November 18, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ မစ္စတာ အိုဘားမား


ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ မစ္စတာ အိုဘားမား
တွေ့ဆုံပွဲအတွက် အဖွဲ့ချုပ်မှ ဖိတ်ကြားသူများနှင့်၊ သံရုံးမှနောက်ထပ်
တိုးပြီးဖိတ်ကြားသောသတင်းထောက်များ စုစုပေါင်း ပြည်တွင်းမီဒီယာ
သမားအယောက် (၄၀) တက်ရောက်ခွင့်ရရှိပါသည် ။

တက်ရောက်ရန်အကြောင်းကြားခြင်းကို သံရုံးမှတာဝန်ယူထားပါသည်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မိမိထံ ဖိတ်ကြားခြင်းမပြုသေးပါက
သံရုံးကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

၁၉ ရက်နေ့ နံနက်၁၀နာရီအရောက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်
ခြံဝင်းရှေ့အရောက်လာရောက်ကြပါရန်နှင့် မှတ်ပုံတင်ကတ်ပြား၊
မိမိတိုက်မှထုတ်ပေးထားသော press card ယူဆောင်လာခဲ့ပေးကြပါရန် အသိပေးအပ်ပါသည်။

တက်ရောက်ခွင့်မရရှိကြသော ပြည်တွင်း၊ပြည်ပမီဒီယာများအား အဖွဲ့ချုပ်မှ
ရိုက်ကူးထားသော ဓါတ်ပုံနှင့်အသံဖိုင်များဖြန့်ဝေပေးမည်ဖြစ်ပါသဖြင့်
အလိုရှိသောမီဒီယာများ အဖွဲ့ချုပ် ရုံးချုပ်သို့ ၄င်းနေ့တွင်ပင် လာရောက်
ရယူနိုင်ပါသည်။

News and Information Department of NLD

0 comments:

Post a Comment