Pages

Friday, November 16, 2012

မဟာရန်ကုန်မြို့ပြစီမံကိန်းအတွက် ဂျပန်နှင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်းဆောင်ရွက်ပြီ


Friday, 16 November 2012

မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုး ရေးမဟာဗျူဟာ စီမံကိန်းနှင့် ပတ် သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း ၂၀၁၂ခု နှစ် နိုဝင်ဘာလ (၁၄)ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ သော သတင်းစာ
ရှင်းလင်းပွဲမှ သိရသည်။

မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ဌာနကိုယ်စားလှယ်Mr. Masahiko Tahaka ကပြော ကြားရာတွင်
““အခု မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ ကနေ ပြီး စတင်အကောင်
အထည်ဖော် နေတာပါ။ ဒီစီမံကိန်းထဲမှာInfrastureConditions
Urban Transport road Natwork, rail way, port and logistics
water supply sewerage and drain solid waste Management
power supply Telecommunication စသည်တို့ပါဝင်ပါတယ်။ ဒီဟာကို အကောင်အထည်ဖော် ဖို့အတွက် နှစ် (၄၀)စီမံကိန်းအဖြစ် အကောင်
အထည်ဖော်သွား မည်””ဟု ပြောကြားခဲ့သည်။

အဆိုပါပွဲသို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် တက်ရောက်ခဲ့ပြီး
၎င်းက မိမိတို့ အနေဖြင့် မြို့တော်နေ ပြည်သူ များအတွက် သန့်ရှင်းသောရေ၊ သန့်ရှင်းသောလေ၊ သန့်ရှင်းသော ပတ်ဝန်းကျင်တို့ဖြင့် ပြည့်စုံ အောင် ဖန်တီးပေးချင်ပါတယ်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဖြိုးအောင်
Hot News

0 comments:

Post a Comment