ကချင်ပြည်နယ် ဝိုင်းမော်မြို့
နယ်ရှိ မြန်မာအစိုးရတပ်ရင်း
(၅၈) နှင့် တပ်မ (၈၈) တပ်
များသည် အင်အား ၃၀ ကျော်ဖြင့်
နိုဝင်ဘာလ ၁၇ ရက် နံနက်
၈ နာရီခွဲချိန်တွင် ယခင် KIA တပ်ရင်း (၃) နယ်မြေ နန်ဇော်ယန် ဘက်သို့ လှုပ်ရှားလာချိန် မိုင်း ၁ လုံးပေါက်ကွဲခဲ့သောကြောင့် အစိုးရစစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“အားလုံး၎ ယောက်ဟုတ်တယ်။၁ ယောက်ကချက်ချင်းသေသွားပြီး၃ ယောက်ကိုတော့ မြစ်ကြီးနား ဆေးရုံးကို ပို့တဲ့ချိန် လမ်းမှာ ၁ ယောက်သေသွားတယ်။ ပြီးတော့ ဆေးရုံရောက်ပြီး ၁ ပြန်သေသွားတယ်။ အခု ၁ ယောက်က မြစ်ကြီးနားဆေးရုံမှာ ဆေးကုနေတယ်။” ဟု မျက်မြင် ဒေသခံတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
ထိုနယ်မြေများသည်အစိုးရတပ်နှင့်ကချင်လွတ်မြောက်ရေးတပ်ဖွဲ့KIAတပ်များ နှစ်ဖက်လှုပ်ရှားနယ်မြေမျာြး ဖစ်သော်လည်း မည်သို့ပေါက်ကွဲခဲ့ခြင်းကို မူ ဒေသခံများမသိပေ။
သို့သော်ထိုသို့ပေါက်ကွဲမြှု ဖစ်ပွားခဲ့ပြီးနောက်အဆိုပြါ မန်မာအစိုးရတပ်သည်နန်ဇော်ယန်ဘက်သို့ တောင်ယာလုပ်ကိုင်နေသော ဒေသခံများအား စွပ်စွဲပြီး ယခုချိန်တောင်ယာ၊ လယ်ယာများရိတ်သိမ်းခွင့် ပိတ်ပင်ထားကြောင်း ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
လယ်ယာစပါးများဖြင့် အဓိကအသက်မွေးဝမ်းကျောင်းနေေ သာ ဒေသခံများအား ယခုလိုပိတ်ပင်ထားသောကြောင့် ဒေသခံများအတွက် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း တောင်သူတစ်ဦးပြောသည်။
“ကျနော်တို့က လယ်ယာပဲ လုပ်စားနေကြတာ ခုလိုစပါးမရိတ်ရဘူးဆိုရင်တော့ အရမ်းဒုက္ခရောက်တော့မယ်။” ဟု ဝူယန်ဒေသခံတဦးဆိုသည်။
၎င်းနယ်မြေဘက်သို့ လယ်ယာ၊ တောင်ယာများလုပ်ကိုင်သူများ သည် အိမ်ခြေ ၅၀ ကျော်ရှိပြီး ဝူယန်၊ လမြန်၊ နမ်ဝါ၊ နန်ဇော်ယန်၊ ဂျန်မာသစ်ကျေးရွာများ ဖြစ်ကြောင်းသိရသည်။
KIA နှင့် အစိုးရတပ် တိုက်ပွဲများအတွင်း မြန်မာစစ်တပ် ကျဆုံးမှုများ
ယခုချိန်အစိုးရတပ်သည် နန်ဇော်ယန်တွင် အင်အား ၂၀၀ ကျော်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများဆိုသည်။
Kachin news Group
နိုဝင်ဘာလ ၁၇ ရက် နံနက်
၈ နာရီခွဲချိန်တွင် ယခင် KIA တပ်ရင်း (၃) နယ်မြေ နန်ဇော်ယန် ဘက်သို့ လှုပ်ရှားလာချိန် မိုင်း ၁ လုံးပေါက်ကွဲခဲ့သောကြောင့် အစိုးရစစ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“အားလုံး၎ ယောက်ဟုတ်တယ်။၁ ယောက်ကချက်ချင်းသေသွားပြီး၃
ထိုနယ်မြေများသည်အစိုးရတပ်န
သို့သော်ထိုသို့ပေါက်ကွဲမြှု
လယ်ယာစပါးများဖြင့် အဓိကအသက်မွေးဝမ်းကျောင်းနေေ
“ကျနော်တို့က လယ်ယာပဲ လုပ်စားနေကြတာ ခုလိုစပါးမရိတ်ရဘူးဆိုရင်တေ
၎င်းနယ်မြေဘက်သို့ လယ်ယာ၊ တောင်ယာများလုပ်ကိုင်သူများ
KIA နှင့် အစိုးရတပ် တိုက်ပွဲများအတွင်း မြန်မာစစ်တပ် ကျဆုံးမှုများ
ယခုချိန်အစိုးရတပ်သည် နန်ဇော်ယန်တွင် အင်အား ၂၀၀ ကျော်ဖြင့် တပ်စွဲထားကြောင်း ဒေသခံများဆိုသည်။
Kachin news Group



0 comments:
Post a Comment