Wednesday, 21 November 2012
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လူဝင်လူထွက်မရှိရအောင် တားမြစ်
လိုက်ပြီဖြစ်ကြောင်းနှင့် မောင်တောအမှတ် (၁) လူဝင်လူထွက်ဂိတ်အပါ
အ၀င် နယ်စပ်တစ်လျှောက်ရှိ ဂိတ်အားလုံးကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
“အခု နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ပိတ်လိုက်တာဟာ အမေရိကန်
သမ္မတ မြန်မာနိုင်ငံကိုလာတဲ့နေ့နဲ့  တိုက်ဆိုင်နေတယ်။ နောက်တစ်ချက်က
ပျောက်ဆုံးနေတဲ့ ဂျီအီးတပ်သားသုံးဦး ကိစ္စနဲ့လည်း ဆက်စပ်နိုင်ပါတယ်။ အခုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်” ဟု မောင်တောမြို့ခံ
တစ်ဦးက ပြောကြားသည်။
လူဝင်လူထွက်ကို ပိတ်ထားလိုက်ခြင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊
မောင်တောမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ခြံစည်းရိုးဆောက်လုပ်ရေး လုပ်ငန်းမှတပ်သားများ ပစ်ခတ်သေဆုံး အဖမ်းခံရမှုများနှင့် သက်ဆိုင်ကြောင်းလည်း သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်များက ရှောင်တခင် ၀င်ရောက်တိုက်ခိုက်ခြင်းကြောင့်
မြန်မာနိုင်ငံဘက်မှ နယ်စပ်အထူးဆောက်လုပ်ရေး ဂျီအီးတပ်မှ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် သုံးဦးပျောက်ဆုံးပြီး တစ်ဦးသေဆုံးမှု
ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တွင် မြန်မာလုံခြုံရေးတပ်များနှင့်ဘင်္ဂလားဒေ့ရှ်ဘက်မှ လုံခြုံရေးတပ်များ နှစ်ဖက်ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရှိရပါသည်။
နိုဝင်ဘာလ ၁၁ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာလုံခြုံရေးတပ်များ အပြန်အလှန်ပစ်ခတ်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ပျောက်ဆုံးနေသူများ ပြန်လည်ရရှိနိုင်ရေးအတွက် နှစ်ဖက်လုံခြုံရေးတပ်များ အပြန်အလှန်ဆွေးနွေးမှုများ ရှိသော်လည်း နှစ်ပတ်ခန့်ကြာလာ
သည့်တိုင် ပျောက်ဆုံးနေသူများ၏ သတင်းအစအန မရရှိသေးသဖြင့် လူဝင်လူထွက်ကို ကန့်သတ်ထားလိုက်ခြင်းဖြစ်ြေ ကာင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် နယ်စပ်များအတွင်း ကျူးကျော်လာသူများဟု စွပ်စွဲကာ ဘင်္ဂါလီများအား လိုက်လံဖမ်းဆီးပြီးရခိုင်ပြ ည်နယ် မောင်တော
မြို့နယ်သို့ တရားမ၀င်လမ်းကြောင်းမှ ပို့ဆောင်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက် ဘီဂျီဘီတပ်အမှတ် (၁၇) မှတပ်ရင်းမှူး ခါလေ
ကူဇ္ဖာမာန်၏ ပြောကြားချက်ကို ကိုးကားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစို က် ၀က်ဘ်ဆိုက်များတွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
eleven media group
“အခု နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို ပိတ်လိုက်တာဟာ အမေရိကန်
သမ္မတ မြန်မာနိုင်ငံကိုလာတဲ့နေ့နဲ
ပျောက်ဆုံးနေတဲ့ ဂျီအီးတပ်သားသုံးဦး ကိစ္စနဲ့လည်း ဆက်စပ်နိုင်ပါတယ်။ အခုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်” ဟု မောင်တောမြို့ခံ
တစ်ဦးက ပြောကြားသည်။
လူဝင်လူထွက်ကို ပိတ်ထားလိုက်ခြင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊
မောင်တောမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ခြံစည်းရိုးဆောက်လုပ်ရေး လုပ်ငန်းမှတပ်သားများ ပစ်ခတ်သေဆုံး အဖမ်းခံရမှုများနှင့် သက်ဆိုင်ကြောင်းလည်း သိရသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်များက ရှောင်တခင် ၀င်ရောက်တိုက်ခိုက်ခြင်းကြေ
မြန်မာနိုင်ငံဘက်မှ နယ်စပ်အထူးဆောက်လုပ်ရေး ဂျီအီးတပ်မှ တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် သုံးဦးပျောက်ဆုံးပြီး တစ်ဦးသေဆုံးမှု
ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း
နိုဝင်ဘာလ ၁၁ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့နှင့် မြန်မာလုံခြုံရေးတပ်များ အပြန်အလှန်ပစ်ခတ်မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းသို့ ပျောက်ဆုံးနေသူများ ပြန်လည်ရရှိနိုင်ရေးအတွက် နှစ်ဖက်လုံခြုံရေးတပ်များ အပြန်အလှန်ဆွေးနွေးမှုများ ရှိသော်လည်း နှစ်ပတ်ခန့်ကြာလာ
သည့်တိုင် ပျောက်ဆုံးနေသူများ၏ သတင်းအစအန မရရှိသေးသဖြင့် လူဝင်လူထွက်ကို ကန့်သတ်ထားလိုက်ခြင်းဖြစ်ြေ
ဘင်္ဂလားဒေ့ရှ် အစိုးရသည် နယ်စပ်များအတွင်း ကျူးကျော်လာသူများဟု စွပ်စွဲကာ ဘင်္ဂါလီများအား လိုက်လံဖမ်းဆီးပြီးရခိုင်ပြ
မြို့နယ်သို့ တရားမ၀င်လမ်းကြောင်းမှ ပို့ဆောင်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက် ဘီဂျီဘီတပ်အမှတ် (၁၇) မှတပ်ရင်းမှူး ခါလေ
ကူဇ္ဖာမာန်၏ ပြောကြားချက်ကို ကိုးကားကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစို
eleven media group



0 comments:
Post a Comment