Friday, 16 November 2012
အဆိုပါ ထူးထူးဆန်းဆန်း ပြိုင်ပွဲကို (၁၉)ရာစုနှစ်က Bridge Innမြေရှင်ကြီး ဝီလ်ရစ်ဆန်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ရစ်ဆန်သည် ၎င်းရှင်သန် နေထိုင်ခဲ့စဉ် ကာလအတွင်း ဂန္ထဝင်မြောက် အလိမ်အညာ စကားများ ပြောကြားခဲ့သူဟု လူသိများသည်။
ပြိုင်ပွဲဝင်သူများသည် (၅)မိနစ် အချိန်အတွင်း အကောင်းဆုံး အလိမ်အညာ၊ အပလီစကားများကို ကြိုးစား ပြောဆိုရလေ့ ရှိသည်။ ၎င်းတို့ ပြောဆိုရာတွင် ဘီလျံနှင့်ချီသော ဒေါ်လာများအကြောင်း၊ ထူးခြားဆန်းကျယ်သည့် ဘဝအတွေ့အကြုံ ရာပေါင်းများစွာအကြောင်း ပါဝင်သည်။ သို့သော် တစ်ခုမှ မဟုတ်မှန်ချေ။ နှစ်စဉ်နှစ်တိုင်း ယခုလို အချိန်မျိုးတွင် ကမ္ဘာအရပ်ရပ်မှ မုသားဝါသနာအိုးများသည် အင်္ဂလန် အနောက်မြောက်ပိုင်းမှ Bridge Inn အရက်ဆိုင်ငယ်လေးတွင် အမှတ်တရ လာရောက် စုရုံးလေ့ ရှိကြသည်။
ပြိုင်ပွဲတွင် ရယ်ရွှင်ဖွယ် စည်းမျဉ်းတစ်ခုကိုလည်း အရေးတကြီး သတ်မှတ်
ထားသေးသည်။ ယင်းမှာ နိုင်ငံရေးသမားများနှင့် ရှေ့နေများကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် "မုသားပြောရာတွင် ကျွမ်းကျင်အဆင့် ရှိနေခြင်း"ကြောင့် အခြားပြိုင်ပွဲဝင်များအတွက် မမျှတသော အသာစီး ရနေစေမှု ဖြစ်နေနိုင်သည်ဟု ယူဆနိုင်ကြောင်းလည်း APသတင်းဌာနက
ဖော်ပြသွားသည်။
Planet Myanmar Network
ပြိုင်ပွဲတွင် ရယ်ရွှင်ဖွယ် စည်းမျဉ်းတစ်ခုကိုလည်း အရေးတကြီး သတ်မှတ်
ထားသေးသည်။ ယင်းမှာ နိုင်ငံရေးသမားများနှင့် ရှေ့နေများကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် "မုသားပြောရာတွင် ကျွမ်းကျင်အဆင့် ရှိနေခြင်း"ကြောင့် အခြားပြိုင်ပွဲဝင်များအတွက်
ဖော်ပြသွားသည်။
Planet Myanmar Network



0 comments:
Post a Comment