Friday, November 23, 2012
ရန်ကုန်ဆိပ်ကမ်းများအဆင့် မြင့်တည်ဆောက်ရာတွင် မြစ်ဝ မှနေကာ
ရွှေတိဂုံစေတီတော်အား ဖူးမြော
်ရသည့်အနေအထားမပျောက်ကွယ်ရန်
ထည့်တွင်း စဉ်းစားသွား ရန်လိုကြောင်းကို မြန်မာ့ဆိပ်ကမ်း အာဏပိုင်တွင် ကျင်းပသော ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး Conceptual Plan အရလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေရှင်းလင်းတင်ပြခြင်း
အခမ်းအနားမှ သိရသည်။
ရန်ကုန် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကပိုင်းမှ လုပ်ငန်းရှင်များ
ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရာတွင်
နိုင်ငံတကာအဆင့်မီပြည်တွင်း ခရီးသွားဆိပ်ကမ်းများအဖြစ်ပြုပြင်
ပြောင်းလဲခြင်း၊ ဆိပ်ခံဗောတံတား များအဆင့်မြှင့်ပြုပြင်တည်ဆောက်ခြင်း၊
နောက်ခံမြေပေါ်တွင် ခေတ်မီ စီးပွားရေးအဆောက်အအုံများ အပန်းဖြေ
အနားယူနိုင်ရန်နေရာများ၊ ဆိုင်ခန်းများဖြင့် ရန်ကုန် ဆိပ်ကမ်းကို ခေတ်မီ
ဖွံ့ဖြိုးတိုးတက်သောဆိပ်ကမ်းအဖြစ်ပြောင်းလဲ လုပ်ဆောင်သွားမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ Conceptaual Plan အရရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင်ရန် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအနေဖြင့်ဖြစ်ပေါ်တိုးတက်
လာမည့် အခြေအနေများအတွက် ၂၀၄၀ ရန်ကုန်မြို့တော်ဖွံ့ဖြိုး
တိုးတက်ရေး စီမံကိန်းကို ရေးဆွဲခဲ့ကြောင်း၊ ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုး
တိုးတက်ရေး Port Coneeptual Plan နှင့် ပတ်သက်သည့် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရှေးဟောင်း
အထင်ကရအဆောက် အအုံများ၏ မြင်ကွင်းအလှအပ အားမထိခိုက်စေလိုကြောင်း၊ရန်ကုန်မြို့၏ကျက်သရေဆောင်
ရွှေတိဂုံစေတီတော်ကြီး၏အလှ အပအားမြစ်အတွင်းမှ ဖူးမြော်ရ သည့်မြင်ကွင်းကို မထိခိုက်စေလို ကြောင်း ရန်ကုန်မြို့တော်ဝန်က တင်ပြဆွေးနွေးခဲ့သည်။
ထို့ပြင် လက်ရှိရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများတည်ဆောက်
ရာတွင် ရွှေတိဂုံစေတီတော်အား စံယူသုံးသပ်ကာအထပ်မြင့် အဆောက်
အအုံများတည်ဆောက် ခြင်းကို ဆုံးဖြတ်လျက်ရှိကြောင်း ပန်းလှိုင်မြစ်၊ တွံတေးမြစ်၊ လှိုင်မြစ် များသည် မြစ်ဝကျွန်းပေါ်မှလာသောရေယာဉ်များမှ
ရွှေတိဂုံစေ တီတော်အားဖူးတွေ့မြင့်ရသော အနေအထားမပျောက်ကွယ်ရန်
ထည့်သွင်းစဉ်းစားဖို့လိုခြင်းဖြစ် ကြောင်း၊ စည်ပင်သာယာရေးကော်မတီမှ
အတွင်းရေးမှူးဦးကျော်စိုး မှ တင်ပြခဲ့ခြင်းဖြစ်သည်။
“တင်ဒါ တွေထဲမှာလည်း ကန့်သတ်ချက် တစ်ခုပေးထားပါတယ်။ မြို့တော် စည်ပင်သာယာရေးကော်မတီကို တင်ပြလို့ခွင့်ပြုတဲ့အတိုင်းပဲတည်ဆောက်
ရမယ်လို့ထည့်ထားတာပါ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် မှ အထွေထွေမန်နေဂျာဦးကျော်မြင့် က ရှင်းလင်းတင်ပြခဲ့သည်။
လင်းခ(သဲတော)
Hot News

0 comments:
Post a Comment