Friday, 16 November 2012
တောင်အာဖရိက နိုင်ငံ၌ သွေးပြီးသား စိန်အလုံးရေ ၂၂ဝ အား မျိုချ၍
နိုင်ငံ ပြင်ပသို့ စိန်ခိုး ထုတ်ရန် ကြိုးစားခဲ့သူ တစ်ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
၎င်းသည် လက်ဘနွန် လူမျိုး တစ်ဦး ဖြစ်ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ သန်းရှိ စိန်အလုံးရေ ၂၂ဝ အား မျိုချ၍ ဒူဘိုင်းမြို့ သို့ မှောင်ခို ထုတ်ရန် လေယာဉ်အား စောင့်ဆိုင်း နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီး
၎င်း၏ ခန္ဓာကိုယ်ကို စကင်ဖတ် စစ်ဆေးရာ၌ ကိုယ်တွင်း၌ စိန်များရှိ
နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ် သည်။
ထို့အပြင် ၎င်းသည် စိန်မှောင်ခို ခိုးထုတ် မှုတွင် ပါဝင် ပတ်သက်သူ တစ်ဦး ဖြစ်သည်ဟု တာဝန်ရှိ သူများကယူဆ ထားကြောင်း သိရ သည်။
မတ်လ အတွင်း ကလည်း ယင်းကဲ့သို့သော နည်းလမ်းဖြင့် စိန်များအား
ပြည်ပသို့ မှောင်ခို ထုတ်ရန် ကြိုးပမ်း ခဲ့သည့် အခြား လူတစ်ဦး ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ကြကြောင်း သိရသည်။
တောင်အာဖရိက နိုင်ငံသည် ကမ္ဘာ တစ်ဝန်း၌ စိန်အများဆုံး ထုတ်လုပ်သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။
မြ၀တီ



0 comments:
Post a Comment