Pages

Thursday, November 22, 2012

အရှေ့တောင်အာရှ အားကစားပွဲအမီ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များ ရောင်းချပေးရန် အဆင်သင့်ဖြစ်နေ


Thursday, 22 November 2012

မြန်မာနိုင်ငံ၌ လာမည့်နှစ် ဇွန်လခန့်မှ စတင်ကာ သက်တမ်းသုံးလခံ တန်ဖိုးနည်း မိုဘိုင်းဖုန်းကတ်များကို အရှေ့တောင်အာရှ အားကစားပွဲအမီ ထုတ်လုပ်ရောင်းချသွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက နိုဝ
င်ဘာ ၁၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်၌ ပြောသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ပြုလုပ်မည့် ၂၀၁၃ ခုနှစ်
နှစ်ကုန်ပိုင်းမတိုင်မီ သုံးလခန့် အကြိုရောင်းချမည့် မိုဘိုင်းဖုန်း
ဆင်းကတ်များမှာ အမေရိကန် ၁၅ ဒေါ်လာခန့်သာ တန်ဖိုးရှိမည်ဖြစ်ပြီး သုံးလသက်တမ်းခံမည် ဖြစ်သည်။

အဆိုပါ ဆင်းကတ်များကို လေဆိပ်ကောင်တာများနှင့် အားကစားရွာများတွင်
ရောင်းချပေးမည်ဖြစ်ကာ အထူးသဖြင့် နိုင်ငံတကာမှ အားကစားသမားများ
အတွက် ဆက်သွယ်ရေး လွယ်ကူရန်ဖြစ်ကြောင်း ၄င်းကပြောသည်။

“တခြားနိုင်ငံတွေက တန်ဖိုးနည်းဆင်းကတ်တွေလိုပဲ ၁၅ ဒေါ်လာလောက်နဲ့
ရောင်းနိုင်အောင် လုပ်မှာပါ။ အဲဒီဆင်းကတ်တွေ ကတော့ ပြည်တွင်းသုံး ဆိုတာထက် နိုင်ငံတကာကလာတဲ့ အားကစားသမားတွေ ဝယ်ယူ
သုံးနိုင်ဖို့ ဖြစ်ပါတယ်။ ကြားထဲမှာ ငွေဖြည့်ပြီး သုံးလို့ရမယ်။ ကတ်က ငါးဒေါ်လာနဲ့ ငွေဖြည့်တာက ၁၀ ဒေါ်လာ ပါမယ်” ဟု ဦးဌေးဝင်းက ပြောသည်။

ပြည်တွင်းနေထိုင်သူများအတွက်မူ ထိုယာယီဖုန်းများကို ဦးစားပေး
ရောင်းချမည် မဟုတ်ဘဲ ပြည်ပမှ လာရောက်ကြမည့် ဧည့်သည်များ
အတွက်သာ ဦးတည်ထားကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

International Social Network Myanmar

0 comments:

Post a Comment