Pages

Sunday, November 25, 2012

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ



Monday, November 26, 2012

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဆိပ်ကမ်းသာ
ရပ်ကွက်နဲ့ ရွာမရပ်ကွက်တို့မှာ အခုလ (၁၇) ရက်ကနေ့  စတင်ပြီး စစ်တောင်းမြစ် ကမ်းပ
ါးပြိုကျမှု နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ဒီနေ့အထိ အိမ်ခြေ (၁၇ဝ)ကျော်ဟာ မြစ်ရေနဲ့ မျှောပါသွားတယ်လို့ သိရပါတယ်။

လူဦးရေ (၄ဝဝ) ခန့်ဟာ အဲဒီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ဘေးလွတ်ရာ
နေရာတွေမှာ ကြုံသလို ပြောင်းရွှေ့နေထိုင်နေရပြီး တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် ဒုက္ခရောက်နေတယ်လို့ အဲဒီဒုက္ခသည်တွေ အရေးဆောင်ရွက်ပေးပြီး ရန်ကုန်မြို့ကိုဒီကနေ့ ပြန်လည်
ရောက်ရှိလာတဲ့ မြန်မာ့လူမှုဖွံ့ဖြိုး တိုးတက်မှုကွန်ရက်မှ ဗိုလ်ကြီးဟောင်း
နေမျိုးဇင်က ပြောပါတယ်။

ဒေသခံတွေဟာ အဲဒီနေရာမှာ နေထိုင်လာခဲ့တာ နှစ်ပေါင်း (၃ဝ) နီးပါး
ရှိပြီလို့ သိရပြီး အရင်က အခုလို မြစ်ရေတိုက်စားမှုကြောင့် အိမ်တွေပြိုကျ
ခဲ့တာ မရှိဖူးဘူးလို့ လည်းသိရပါတယ်။

အခုလို မြစ်ကမ်းပါးပြိုကျမှုဟာ စစ်တောင်းမြစ် ဒီရေတက်တဲ့ နေ့တွေမှာ
ဖြစ်ပေါ်နေတာလို့လဲ ပြောကြပါတယ်။

RFA

0 comments:

Post a Comment