Pages

Wednesday, November 21, 2012

ကမ္ဘာကြီး ပူနွေးလာမှု ပြဿနာ ကမ္ဘာ့ ဘဏ်က အသိပေး ပြောကြား


Wednesday, 21 November 2012

ကမ္ဘာကြီးသည် ယခု ရာစုနှစ် အတွင်း လေးဒီဂရီ ပိုမို ပူနွေး လာနိုင်ကြောင်း၊ ကမ္ဘာ တစ်ဝန်းရှိ ကမ်းရိုးတန်း မြို့များ အတွက် ထိခိုက် ပျက်စီး လာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်က နိုဝင်ဘာ ၁၈ ရက်တွင် သတိပေး
ပြောကြား ခဲ့သည်။

ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများ၏ ကြွယ်ဝ ချမ်းသာမှုနှင့် ဆက်စပ် လျက်ရှိသော ကမ္ဘာ့ ဘဏ်သည် အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များမှ စွမ်းအင် ထုတ်လုပ်မှု ကဏ္ဍတွင် ဖန်လုံအိမ် ဓာတ်ငွေ့ ထွက်ရှိမှုကို လျှော့ချရေး ကြိုးပမ်း သင့်ကြောင်းဖြင့် တောင်းဆို ထားသည်။

ကမ္ဘာ တစ်ဝန်း လုံးရှိ လူသား အားလုံးက ရာသီဥတု ပြောင်းလဲမှု ပြဿနာကို တက်ကြွစွာကိုင်တွယ် ဖြေရှင်း သင့်ကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းမှု မပြုပါက လူသား အားလုံးသည် ဆင်းရဲ မွဲတေမှုမှ မည်သည့် အခါမျှ လွတ်မြောက် နိုင်မည် မဟုတ်ကြောင်း၊ ယင်းကိစ္စသည် ယနေ့ ခေတ် ကမ္ဘာကြီးကို စိန်ခေါ် နေသော အဓိက အချက်ပင် ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကင်က ပြော ကြား ခဲ့သည်။

ထို့အပြင် နိုင်ငံ အသီးသီးမှ အစိုးရများက ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းမှု မပြုလုပ် ခဲ့ပါက ကမ္ဘာကြီးသည် ၂ဝ၆ဝ ပြည့်နှစ် များအတွင်း အပူချိန် လေးဒီဂရီ ဆဲလ်ဆီး ယပ်ခန့် မြင့်တက် လာနိုင်ကြောင်းလေ့လာ တွေ့ရှိချက် တစ်ခုတွင် ဖော်ပြ ထားသည်။ အကယ်၍ နိုင်ငံများ အားလုံးက သဘောတူ ထားသည့် အတိုင်း ဖန်လုံအိမ် ဓာတ်ငွေ့ ထွက်ရှိမှုအား လျှော့ချ နိုင်ပါက ၂၁ဝဝ ပြည့်နှစ် အရောက်တွင် အပူချိန် လေးဒီဂရီ အထိ မြင့်တက် လာနိုင်မှုမှာ ၂ဝ ရာခိုင် နှုန်းခန့် သာရှိ မည်ကို လေ့လာ တွေ့ရှိ ရသည်။ ယခင်က ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာ ပညာရှင် များက ကမ္ဘာကြီး ပူနွေး လာမှုကို နှစ်ဒီဂရီထက် မပိုစေ ရဟု ကတိပြု ခဲ့ကြသည်။

ရာသီဥတု ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ နိုင်ငံ ပေါင်း (၁၉ဝ) မှ တာဝန် ရှိသူ များသည် နိုဝင်ဘာ ၂၆ ရက်တွင် ကာတာ နိုင်ငံ ၌ တွေ့ဆုံ ဆွေးနွေး သွားမည်ဟု သိရသည်။

ယနေ့ အချိန်တွင် ကမ္ဘာကြီး၏ အပူချိန်သည် သုည ဒသမ ၈ ဒီဂရီ ဆဲလ်ဆီးယပ် မြင့်တက် ခဲ့ပြီ ဖြစ်သည်။ အဆိုပါ အပူချိန် မြင့်တက် မှုသည် ပြီးခဲ့သည့် ဆယ်စုနှစ် ကျော်က အပူချိန်ကို ရိုက်ချိုး သွားခဲ့ပြီး ကမ္ဘာ တစ်ဝန်းတွင် လတ်တ လောကြုံ တွေ့နေ ရသော ဟေတီ ငလျင်၊ စင်ဒီ မုန်တိုင်း အစရှိသည့် သဘာဝ ဘေး အန္တရာယ် ဆိုးများသည် ကမ္ဘာကြီး ပူနွေး လာမှုကြောင့် ဖြစ်ကြောင်း နားလည်သူ များက အပြစ်တင် ဝေဖန် ခဲ့သည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment