Pages

Thursday, November 15, 2012

ပြည်ထောင်စုအစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ဖွဲ့စည်း၊ သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူအဖြစ် ဦးဇော်ဌေး(မှူးဇော်) ဆက်လက်ရှိနေမည်


Friday, 16 November 2012 

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၈၁/၂၀၁၂)ဖြင့်
ပြည်ထောင်စုအစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးအဖွဲ့အား အဖွဲ့ဝင် ၆ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအဖွဲ့ကို သမ္မတရုံးဒုတိယ
ဝန်ကြီး ဦးအောင်သိန်းက ဦးဆောင်မည်ဖြစ်ပြီး သမ္မတရုံးနှင့် ပြန်ကြားရေး
ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများပါဝင်ကြောင်းသိရှိရသည်။

အဆိုပါအဖွဲ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့တစ်ခုလုံး၏သတင်းထုတ်ပြန်ရေး
တာဝန်ကိုယူထားပြီး၊ နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကမီဒီယာများ၊ နိုင်ငံတကာ
မီဒီယာနှင့် ပူးပေါင်းက သတင်းများကို အမြန်ဆုံးထုတ်ပြန်သွားမည်ဖြစ်ပြီး၊ လိုအပ်ပါက သတင်းစာရှင်းလင်းပွဲများနှင့် သတင်းထုတ်ပြန်ချက်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုလို ပြည်ထောင်အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းသော်လည်း
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးဇော်ဌေး(မှူးဇော်)မှ ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်းလည်းသတင်းရရှိသည်။


People Development for Knowledge

0 comments:

Post a Comment