Pages

Wednesday, November 21, 2012

မန္တလေးတွင် တယ်လီဖုန်း နံပါတ် အပူးများ လေလံတင် ရောင်းချမှုမှ ငွေကျပ်သိန်း ၁၂၀၀ ကျော် ရရှိခဲ့


Wednesday, 21 November 2012

နိုဝင်ဘာလ ၁၅ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ မိုဘိုင်း တယ်လီဖုန်း နံပါတ် အပူးများ လေလံပွဲမှာ ရောင်းချရရှိတဲ့ ငွေဟာ ကျပ်ငွေ ၁၂၇၈.၅သိန်း
ရရှိခဲ့တယ်လို့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဲ့ဒီလို လေလံတင် ရောင်းချရာမှာ GSM ဖုန်းတွေ အနေနဲ့ GSM ကုဒ်ဖြစ်တဲ့ ၄၂၀ နဲ့စပြီး နောက်နံပါတ် တန်းစီ အပူးများနဲ့ WCDMA ဖုန်းများ အတွက်လည်း ရှေ့ကုဒ် နံပါတ်ရဲ့နောက်မှာ တန်းစီ အပူးတွဲ နံပါတ်များ ပါဝင်တာ ဖြစ်ပါတယ်။

လေလံတင် ရောင်းချမှုမှာ GSM ဖုန်းအလုံး အရေအတွက် ၃၇ လုံးနဲ့ WCDMA ၂၃ လုံးကို ရောင်းချ ခဲ့တာ ဖြစ်ပါတယ်။ လေလံပွဲမှာ ကြမ်းချင်းဈေး အနေနဲ့ ကုဒ်နံပါတ် နောက်က အပူး ၇ လုံးတွဲ အတွက်ကို ငွေကျပ် ၈ သိန်း သတ်မှတ်ခဲ့ပြီး သက်ဆိုင်ရာ အပူးတွဲ နံပါတ် အလိုက် လေလံကြမ်းခင်း
ဈေးကို သတ်မှတ် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အခုလို လေလံပြုလုပ် ကြရာမှာတော့ ဖုန်းတွေ အတွက် လေလံ-၀ယ်ယူမှုဟာ ဖုန်းတစ်လုံးကို အနည်းဆုံး ငွေကျပ် ၁၄ သိန်းမှ အများဆုံး ငွေကျပ် ၄၇ သိန်း ၀န်းကျင် အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာ မိုဘိုင်းဖုန်း နံပါတ် အပူးတွေ အတွက်လေလံပွဲကို
နိုဝင်ဘာလ ၂၂ ရက်နေ့၊ မြန်မာ အင်ဖိုတက်ခ်မှာ ပြုလုပ် သွားမှာဖြစ်ပြီး ကြမ်းခင်းဈေး ကိုတော့ အဆိုပါ နေ့မှသာ ထုတ်ပြန် သွားမှာ ဖြစ်တယ်လို့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

MRTV - 4

0 comments:

Post a Comment