Monday, 26 November 2012
မြန်မာ တိုင်းရင်းဆေးပညာနှင့် အနောက်တိုင်းဆေးပညာ နှစ်မျိုးစလုံး ဖြင့် အခမဲ့ကုသနိုင်မည့် ဇီဝိတဒါန သံဃာ့ဆေးကုခန်းကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ ဇီဝိတဒါနသံဃာ့ဆေးကုခန်း၌ စတင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇီဝိတဒါန သံဃာ့ဆေးခန်းတွင် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အကြောရောဂါ၊ လေ ဖြတ်လေငန်းရေ
ာဂါ၊ လေးဖက်နာ ရောဂါ၊ အာရုံကြောရောဂါများ၊ဆီးလမ်းကြော င်းနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါများအပြင် အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုး ရောဂါများ၊ အသည်းကြီး၊ အသည်းခြောက်၊ အသည်းအဆီဖုံးရောဂါ နှင့် ရေဖျဉ်းဆွဲခြင်းစသည့် အသည်း နှင့် ပတ်သတ်သော ရောဂါများကိုပါ ကုသပေးသွားမည် ဖြစ်ကြောင်း ၄င်းဆေးခန်းမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
အဆိုပါဆေးခန်းကို တစ်ပတ်လျှင် သုံးရက်ဖြင့် တနင်္လာ၊ အင်္ဂါနှင့် သောကြာနေ့တွင် ဖွင့်လှစ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အပါတ်စဉ်တနင်္လာ နေ့တွင် နေ့စဉ် နံနက် ၉နာရီမှ နေ့လည် ၁၂ နာရီ အထိ အနောက် တိုင်းဆေးဝါးဖြင့် ၄င်း၊ အင်္ဂါနေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ နေလတိုင်းရင်းဆေး သမားတော်ကြီး ဦးမြသန်း ဦးစီးသည့် နေလကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့က တိုင်းရင်းဆေးဖြင့် ကုသပေးမည်ဖြစ်ပြီး သောကြာနေ့ တွင် အသည်းနှင့်အာရုံကြော အထူးကု သဘာဝဆေးပညာရှင် သြဠာရိက သုခုမက နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အသည်း နှင့် အာရုံကြောဆိုင်ရာ ရောဂါများကို သဘာဝကုထုံးများဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းတွင် သံဃာတော်များနှင့် သီလရှင်များကို အခမဲ့ကုသ ပေးသွားမည်ဖြစ်ပြီး ပြင်ပ လူပုဂ္ဂိုလ်များအား အခမဲ့သော်၎င်း၊ ဆေးဖိုးအလှူငွေထည့်ဝင်ခြင်း အားဖြင့်၎င်း ကုသပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ၄င်း ဇီဝိတဒါနဆေးခန်းသို့ ဆေးကုသလိုသူများနှင့် ဆေးဝါးအလှူဒါန ဆက်သွယ် လှူဒါန်းလိုပါက ဇီဝိတ ဒါန သံဃာ့ဆေးကုခန်း ဖုန်း ၀၉-၄၂၁၁၂၁၈၉၀ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။
Eleven Media Group

0 comments:
Post a Comment