Wednesday, 21 November 2012
အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီး လာရောက်သောနေ့မှာပင် စင်ကာပူအခြေစိုက်
မြန်မာဈေးကွက် အဓိကထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုက ရှယ်ယာများ စတင်ရောင်းချခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံ စတော့ရှယ်ယာဈေးကွက်တွင် မှတ်ပုံတင်ထားသော Yoma Stretcgic Holdings Ltd. သည် ရှယ်ယာရောင်းရငွေများမှ ကန်ဒေါ်လာ ၈၃ သန်း ရှာဖွေရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ရှယ်ယာရောင်းချမှုမှာ အိုဘားမား၏ အလည်အပတ်ခရီးကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစိုက်မှု ရရှိခဲ့ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေပြီး မကြာသေးမီကပင် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလာသော မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ရရှိရန်အတွက်လည်း နိုင်ငံတကာ ကုမ္ပဏီတချို့က စိတ်အားထက်သန်နေကြသည်။
ဝင်ငွေ ၉၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးလုပ်ငန်းများမှ ရရှိနေသော
Yoma ကုမ္ပဏီသည် စင်ကာပူဒေါ်လာ ၀ ဒသမ ၅၁၅ နှင့် ၀ ဒသမ ၅၃ သတ်မှတ်ထားသော ရှယ်ယာအသစ်ပေါင်း ၁၉၂ ဒသမ ၉ သန်း ထုတ်ရောင်းပြီး စင်ကာပူဒေါ်လာ သန်း ၁၀၀ ကျော် ရှာဖွေရန် ကြိုးပမ်းနေသည်။ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ တစ်ဦးကလည်း ရောင်းချရန် ကမ်းလှမ်းထားသော ရှယ်ယာထက်ဝက် ၀ယ်ယူရန် သဘောတူညီခဲ့သည်ဟု ယင်းကုမ္ပဏီ ရှယ်ယာ ရောင်းချမှုနှင့် နီးစပ်သူတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။
Ref: Reuters
7Day News Journal
စင်ကာပူနိုင်ငံ စတော့ရှယ်ယာဈေးကွက်တွင် မှတ်ပုံတင်ထားသော Yoma Stretcgic Holdings Ltd. သည် ရှယ်ယာရောင်းရငွေများမှ ကန်ဒေါ်လာ ၈၃ သန်း ရှာဖွေရန် ကြိုးပမ်းခဲ့ကြောင်းနှင့် ရှယ်ယာရောင်းချမှုမှာ အိုဘားမား၏ အလည်အပတ်ခရီးကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစိုက်မှု ရရှိခဲ့ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေပြီး မကြာသေးမီကပင် ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးလာသော မြန်မာနိုင်ငံတွင် စီးပွားရေးအခွင့်အလမ်းများ ရရှိရန်အတွက်လည်း နိုင်ငံတကာ ကုမ္ပဏီတချို့က စိတ်အားထက်သန်နေကြသည်။
ဝင်ငွေ ၉၀ ရာခိုင်နှုန်းကို ဆောက်လုပ်ရေးလုပ်ငန်းများမှ
Yoma ကုမ္ပဏီသည် စင်ကာပူဒေါ်လာ ၀ ဒသမ ၅၁၅ နှင့် ၀ ဒသမ ၅၃ သတ်မှတ်ထားသော ရှယ်ယာအသစ်ပေါင်း ၁၉၂ ဒသမ ၉ သန်း ထုတ်ရောင်းပြီး စင်ကာပူဒေါ်လာ သန်း ၁၀၀ ကျော် ရှာဖွေရန် ကြိုးပမ်းနေသည်။ အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ တစ်ဦးကလည်း ရောင်းချရန် ကမ်းလှမ်းထားသော ရှယ်ယာထက်ဝက် ၀ယ်ယူရန် သဘောတူညီခဲ့သည်ဟု ယင်းကုမ္ပဏီ ရှယ်ယာ ရောင်းချမှုနှင့် နီးစပ်သူတစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။
Ref: Reuters
7Day News Journal



0 comments:
Post a Comment