Pages

Saturday, November 24, 2012

နှောင့်နှေးမှုတွေနဲ့ ခတ်ဝါးဝါး မြန်မာ့ဒီမိုကရေစီလမ်းကြောင်း

အမှန်တရားကို တိတိလင်းလင်း ဆောင်ရွက်နိုင်ဖို့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံကြီးကို အမြန်ဆုံး ပြင်ဆင်သင့်ပြီ။ ဒီလို ပြင်ဆင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကြိုးပမ်းနေတဲ့ အချိန်မှာ လွှတ်တော်ထဲက ၂၅ ရာခိုင်းနှုန်းကတော့ ဒေါက်တိုင် သဖွယ် ကာကွယ်နေဦးမှာပဲ။ ဦးသိန်းစိန် ပြောခဲ့တဲ့ "ကျွန်တော်တို့ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ်" ဆိုရင် ဒီဖွဲ့စည်းပုံကို အရင်ပြင်မှ ဖြစ်တော့မယ်။

အခု ဘာပဲပြောပြော ဘယ်လိုပဲ ရှေ့ဆက်လျောက်တယ် ပြောနေနေ စစ်အစိုးရ လက်ထက် ပျက်သုဉ်းခဲ့တဲ့ ဥပဒေနဲ့ စရိုက်လက္ခဏာတွေ တဖြေးဖြေး လူသိရှင်ကြား ပေါ်လာနေပါပြီ။ ဒါပေမယ့် ဒီလို ပစ်မှုတွေကို အရေးယူလို့ မရအောင် ၂၀၀၈ ဖွဲ့စည်းပုံကြီးက အပြည့်အ၀ အကာအကွယ် ပေးနေတယ်။ ဦးသိန်းစိန် ဘာကြောင့် မပြင်ရဲသလဲ ဆိုတာလည်း နားလည်ပါတယ်။

အမှန်တော့ ဆရာတစ်ဆူ ဖြစ်ခဲ့တဲ့ သန်းရွှေ ရှိနေသေးသ၍ တနည်းပြောရရင် မသေသေးသ၍ constitution ကိုပြင်လိုက်ရင် သန်းရွှေ ထိခိုက်သွားမှာ ကြိုးပေး အသတ်ခံရမှာကို စိုးရိမ်နေပုံပဲ။ ဦးသန်းရွှေက လူ့ဘ၀ တသက် မပြောနဲ့ နောင် ဆယ်သက်လည်း ကြိုးပေးမလောက်တဲ့ လူစားမျိုးပါ။ တစ်ဘ၀စံတွေ သက်ဆိုးရှည်နေ သမျှ အနာဂတ် မြန်မာနိုင်ငံနဲ့ မျိုးဆက်တွေ အတွက် ရင်မောစရာပါ။ နိုင်ငံနဲ့ ပြည်သူတွေကိုပဲ ကြည့်စေချင်တယ်။ ဦးသိန်းစိန် အနေနဲ့ constitution ကိုသာ ပြင်ပေးလိုက်နိုင်မယ် ဆိုရင် ပြည်သူတွေရဲ့ ထောက်ခံမှုကို လက်ရှိတဲ့ ပိုပြီး ရလာနိုင်ပါတယ်။ အခုတော့ ရှေ့ဆက်တယ် ပြောပြီး ရပ်နေသလိုပဲ ခံစားမိပါတယ်။ တရားမျှတတဲ့ ဥပဒေ မရှိသမျှ ကာလပတ်လုံး မြန်မာနိုင်ငံက ပြည်သူပြည်သားတွေနဲ့ အစိုးရလည်း ဘယ်တော့မှ အေးချမ်းမှာလည်း မဟုတ်ပါဘူး။

အခုဆိုရင် ဦးသိန်းစိန် ဒီမိုကရေစီ လမ်းကြောင်းကို လျောက်နေတာ နှစ်နှစ် ရှိခဲ့ပြီ။ ဒါပေမယ့် ဘယ်အရာမှ ပြောင်းလဲမှု မရှိသေးပါဘူး။ နေ့စဉ် ရုံးကန်နေရတဲ့ အခြခံ လူတန်းစားတွေရဲ့ ဘ၀ လုံခြုံအေးချမ်း သာယာဖို့လည်း လိုအပ်နေပါတယ်။ စစ်မှန်ပြီး တရားမျှတတဲ့ ဥပဒေတွေနဲ့ ပြည်သူတွေကို ကာကွယ်ပေးသင့် သလို မြန်မာနိုင်ငံနဲ့ ပြည်သူတွေ အတွက်လည်း အာဏာရှင် စနစ်မှသည် မှန်ကန်သော ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် နှေင့်နှေးမှုတွေနဲ့ ရှေ့ဆက်လို့ မရတဲ့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ လမ်းကြောင်းဆိုတာလည်း ခတ်ဝါးဝါးပါလို့ တင်ပြရင်း ၂၀၀၈ ဖွဲ့စည်းပုံကို အမြန်ဆုံး ပြင်ဆင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ခင်ကလျာစိုး
၂၄ နိုဝင်ဘာ ၂၀၁၂

==================================

0 comments:

Post a Comment