Monday, November 26, 2012
Twitter stream မှ e-mail tweet များ တိုက်ရိုက်ပေးပို့နိုင်မည့် sharing feature သစ်ကို အသုံးပြုသူအားလုံးထံတွင် လာမည့် ရက်သတ္တပတ်
အနည်းငယ်အတွင်း
မိတ်ဆက်ပေးမည်ဖြစ်ကြောင်း Twitter မှ ကြေညာ
ခဲ့သည်။
အဆိုပါ feature သစ်သည် TweetDeck နှင့် Hootsuite ကဲ့သို့သော Twitter client များကဲ့သို့ လုပ်ဆောင်နိုင် ပြီး Twitter ပေါ်တွင်မရှိသည့် မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် အပြန်အလှန်ဆက်သွယ်
နိုင်စေမည်ဖြစ်ကြောင်း Twitter blog မှ ဖော်ပြခဲ့သည်။
၎င်းကို အသုံးပြုလိုသည့်အခါတွင် tweet တစ်ခုရှိ reply, retweet နှင့် favorite ခလုတ်များ၏ ဘေးဘက်ရှိ More ခလုတ်ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် ပေါ်လာသည့် pop up box အသေးတွင် မက်ဆေ့ခ်ျနှင့် လက်ခံမည့်သူ၏ e-mail လိပ်စာ ထည့်သွင်းကာ Send ကိုနှိပ်ပြီး အသုံးပြုနိုင်ကြောင်း သိရသည်။
Internet Journal

0 comments:
Post a Comment