Pages

Sunday, November 18, 2012

ပိုးသတ်ဆေး အလိုရှိသည် ( KIA ထံပေးစာ )


၁၉-၁၁-၂၀၁၂

စပါးကို ဖျက်ဆီးတာ စပါးထဲက ပိုး ၊ ၀ါကိုဖျက်တာ ၀ါထဲက ပိုး ... တဲ့ ။ ပန်းပွင့်ကို ဖျက်ဆီး တာကလည်း ပန်းပင်ကို မှီပြီးနေတဲ့ ပိုးပဲ ဖြစ်ပါတယ်။

KIA ဆိုတဲ့ အဖျက်သမား အုပ်စု တွေကလည်း ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး တွေကို ပြန်ပြီး ဖျက်ဆီးနေတဲ့ အဖျက်ပိုး တွေပဲ ဖြစ်တယ်။ ကချင် လူမျိုးတွေကို ဒုက္ခ ပေးနေတာ တခြား လူမျိုးတွေ မဟုတ်ပါဘူး။ ကချင် တိုင်းရင်းသား တွေထဲက KIA လို့ခေါ်တဲ့ ကချင် လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ပဲ ဖြစ်ပါတယ်။

ရွှေလီမှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ကနေ KIA , KIO အဖွဲ့တွေကို မေတ္တာ ရပ်ခံခဲ့တဲ့ စကားလေး ရှိပါတယ်။ " ကချင် ပြည်နယ်ရဲ့ ဝေးလံ ခေါင်သီတဲ့ ဒေသတွေမှာ ကချင်လူမျိုးတွေ သိပ်ကို ဆင်းရဲဒုက္ခ ရောက်နေ ကြတယ်။ ရိက္ခာ နဲ့ ဆေးဝါးတွေ လိုအပ်နေတယ် ၊ ဒါကြောင့် အခု ပွင့်လင်းရာသီ မှာ ပျက်စီး သွားတဲ့ လမ်း ၊ တံတား တွေကို ပြုပြင်မယ် ၊ KIA အဖွဲ့က မနှောင့်ယှက်ဘဲ ၀ိုင်းဝန်း ကူညီပေးကြပါ ..... " လို့ မေတ္တာ ရပ်ခံခဲ့တာ ကြားခဲ့ရပါတယ်။

ဒါပေမယ့် KIA အဖွဲ့က လမ်းတွေ ၊ တံတားတွေကို ဆက်ပြီးတော့ မိုင်းခွဲ ဖျက်ဆီး နေတုန်းပါပဲ။ ပိုပြီးတော့ မိုက်ဇာတ်တွေ ခင်းလာတာ တွေ့ရတယ်။ သနားစရာ ကောင်းတာက မြေဇာပင် ဒေသခံ ကချင်လူမျိုး တွေပဲ ဖြစ်ပါတယ်။ ဒေသခံ တို့ခမျာ KIA ကြောင့် နူရာဝဲစွဲ ၊ လဲရာ သူခိုးထောင်း ဘ၀ ဖြစ်နေရ ရှာတယ်။ ကလေးတွေလည်း စာမေးပွဲက နီးလာပြီး စာကို ကောင်းကောင်း မသင်ယူ နိုင်ဘဲ ကျောင်းတွေ ခဏခဏ ပိတ်ထား ကြရတယ်။

KIA သောင်းကျန်းသူ အဖွဲ့မှ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော မြစ်ကြီးနား - ဘူတာအို လမ်းကြောင်းရှိ ရထားလမ်းကူး တံတားတစ်စင်းအား တွေ့ရစဉ်။
(၁၇-၁၁-၂၀၁၂ မြ၀တီနေ့စဉ် သတင်းစာ)

KIA သောင်းကျန်းသူ အဖွဲ့မှ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ကသာခရိုင် အတွင်းရှိ ရထားလမ်းကူး တံတားတစ်စင်းအား စစ်တပ်နှင့် တာဝန်ရှိသူများ ၀ိုင်းဝန်း ပြုပြင်နေစဉ်။
(၁၉-၁၁-၂၀၁၂ မြ၀တီနေ့စဉ် သတင်းစာ)

KIA က ရဲဘော်သစ် စုဆောင်းလိုက် တာမှ အကျဉ်းသား တွေကိုတောင် အလွတ် မပေးပါဘူး။ KIA က စစ်အသုံး စရိတ်အတွက် ဆက်ကြေး ကောက်နေတာ ကလည်း ကြောက်ခမန်း လိလိပါ။ လယ်မလုပ် နိုင်တဲ့ တောင်သူ တွေအပေါ် လယ်တစ်ဧက ကို စပါး တစ်တင်း ။ ကားပိုင်ရှင် တွေလဲ ဆက်ကြေးပေး မလွတ်ပါဘူး။ ကားတစ်စီးကို ငွေကျပ် ၃၀၀၀၀ ၊ ကုန်ကားကြီး ဆိုရင် ငွေကျပ် ၅၀၀၀၀ သတ်မှတ် ကောက်ခံတယ်။ မိုးကောင်း ၊ ဟိုပင် တို့ဘက်မှာ KIA က အခွန်ငွေ ကျပ်သိန်း ၂၅၀ ပေးရမယ် လို့ တရားဝင်စာ ထွက်ပြီး တောင်းတယ်။ ပိုဆိုးတာက ဖားကန့် မြို့ပေါ်က လုပ်ငန်းရှင် တွေကို ဆက်ကြေး ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် တောင်းလိုက် တာပဲ ဖြစ်ပါတယ်။ လမ်းဘေး ယာဉ်ထိန်းရဲ က စည်းကမ်းမဲ့ လိုင်းကား စပယ်ယာ ဆီကနေ ၂၀၀ ကျပ်တန် အစုတ်ကလေး ယူလိုက်တာကို မေးငေါ့ ကြသူများ KIA သောင်းကျန်းသူ တွေ ဆက်ကြေးကောက် တာကို ရေငုံနှုတ်ပိတ် နေကြတာ မထူးပေမယ့် ဆန်းတာတော့ အမှန်ပါ။

စပါးကို ဖျက်တာ စပါးထဲက .. ပိုး ၊ ၀ါးကို ဖျက်တာ ၀ါးထဲက .. ပိုး ၊ ကချင်လူမျိုး တွေကို ဖျက်ဆီးနေတာ ၊ လူညွန့်တုံး အောင် ဖျက်ဆီးနေတာ KIA ၊ KIO ဆိုတဲ့ အဖျက်သမား ပိုး တွေပဲ ဖြစ်ပါတယ်။ ဒီ အဖျက်ပိုး တွေကို ပိုးသတ်ဆေး ကောင်းကောင်းနဲ့ အားလုံးက ၀ိုင်းဝန်း နှိမ်နင်းကြပါမှ တော်ကာကြ ပါမယ်။ ပိုးသတ်ဆေး နဲ့ မလုံလောက် သေးရင် အမြစ်ကနေ မြေလှန်နုတ် ပစ်ဖို့ အချိန်တန် နေပါပြီ။ ဒီပိုးကို ဆက်မွေးထားရင် ရှိရှိသမျှ အပင် ၊ အပွင့် ၊ အသီး ၊ အရွက် တွေမကျန် ဖျက်ဆီး သွားမှာ ဖြစ်ပါတယ်။

http://pyichit-thar.blogspot.com/2012/11/kia_18.html

0 comments:

Post a Comment