Pages

Wednesday, November 21, 2012

KNU အဖွဲ့၏ ပြည်သူများအပေါ်ရှင်းလင်းချက်


Wednesday, 21 November 2012

မြန်မာပြည်တွင်း နှစ်(၆၀) ကျော် တိုင်းရင်းသားများနှင့် ဖြစ် ပွားခဲ့သော စစ်ပွဲတွင် တစ်ခုအပါ အ၀င်ဖြစ်သည့် KNU နှင့်အစိုး ရကြားလက်ရှိ
ငြိမ်းချမ်းရေးဆွေး နွေးခြင်းအပေါ် ၎င်းတို့၏လုပ် ဆောင်ချက်များကို 
KNU ဘက် မှ ၎င်းတို့၏ ကရင်ပြည်သူများနှင့် ရန်ကုန်မြို့၌တွေ့ဆုံကာ
ဆွေး နွေးခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ် သက်၍ ဒေါ်ဇူဇန်ဒါလှလှစိုး က ပြောကြားရာမှာ ““ဒီပွဲကတော့ ငြိမ်းချမ်းရေးလမ်းစဉ်ရဲ့လှေခါး ထစ်တစ်ထစ်ပေါ့။ ဘာလို့လဲဆို တော့ ငြိမ်းချမ်းရေးဆိုတာ အစိုးရ ချည်းပဲပြောလို့မရဘူး။
ပြည်သူ လူထုပါအားလုံး ပါဝင်ရမယ်။ ပြည်သူလူထုက ငြိမ်းချမ်းရေး အကြောင်းကိုဘာမှမသိပဲနဲ့ ငြိမ်း ချမ်းရေးသတင်းတွေကြည့်နေမယ်
အစား ငြိမ်းချမ်းရေးကို ကိုယ်တိုင် ကိုယ်ကျလုပ်နေတဲ့ အဖွဲ့တွေနဲ့
ပေးတွေ့တာ၊သူတို့ကိုလည်းမေး စရာတွေလည်းရှိတယ်။သူတို့က လည်း ဖြေချင်နေတာတွေလည်း ရှိတယ်။အဲလိုမျိုးပြည်သူလူထု တွေ့ဆုံပွဲ အခုဆိုလည်းပဲ ပန်းတ နော်မှာ ပြည်သူလူထု ၁၀၀၀ လောက် တက်ရောက်နိုင်တဲ့ဆွေး နွေးပွဲလေးတွေလည်း သူတို့က လုပ်ချင်တယ်
လို့ပြောတယ်။တစ် ခါထဲ ဆက်လုပ်ကြမှာပေါ့။ဖားအံ မှာလည်း
နှစ်ခါလောက်လုပ်ပြီးသွား ပြီး။ရန်ကုန်မှာဆိုရင် သုံးခါရှိသွား ပြီ””ဟု
ပြောကြားခဲ့သည်။

KNU ဘက်မှတာဝန်ရှိသူ တစ်ဦးက ပြောကြားရာမှာ ““တစ်ပြည်လုံး
အတိုင်းအတာနဲ့လုပ် ဆောင်နေတဲ့အတွက် အကုန်လုံးကလည်း
ဒါကိုသိတယ်။ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်နေတဲ့အဖွဲ့အစည်း
ကထားတော့။ကျွန်တော်တို့ပြောသလို ဘယ်ကနေစလုပ်မလဲဆို
တော့ အတိုင်းအတာနဲ့။ ကရင် လူမျိုးနဲ့ကရင်ပြည်နယ်အစိုး
ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အပေါ်မှာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့လုပ်သင့်တယ်လို့ အားလုံးက ပြောနေကြတယ်။
နိုင်ငံရေးနဲ့ပတ်သက်လာတဲ့အခါ ဒါ နိုင်ငံရေးပြဿနာဆိုတော့ ပင်လုံကဲ့သို့ ဒုတိယ ညီလာခံမျိုးလုပ်သင့်တယ်လို့ ကျွန်တော်တို့ထင်တယ်””ဟု ပြော ကြားခဲ့သည်။


ဖြိုးအောင်
Hot News

0 comments:

Post a Comment