Tuesday, 20 November 2012 14:00
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ပြန်လည်ခွင့်ပြုသွားမည်ဖြစ်
ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ညပိုင်းများ၌ အုပ်စုဖွဲ့ ရမ်းကားမှုများ၊ ကားပြိုင်မောင်းပြီး အုပ်စုဖွဲ့ ထိုးကြိတ်ရိုက်နှက်မှုများ၊ တုတ်ဓားစသည့် လက်နက်ပုန်းများကို သယ်ဆောင်ပြီး သွားလာနေသည့် ယာဉ်များရှိနေသည့်အတွက် ဆက်စပ်သည့် မှုခင်းဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေမှုကြောင့်
နိုက်ကလပ်များနှင့် KTV များကို ည ၁၂ နာရီ အချိန်ထိသာ ဖွင့်လှစ်ခွင့်ပြုထားပြီး ထိန်းသိမ်းမှု ပြုလုပ်ပေးနေရကြောင်း ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက “အခု ရန်ကုန်တိုင်းဒေသကြီးအတွင်း မှာ နိုက်ကလပ်တွေ၊ KTV တွေ
အများအပြား ရှိပါတယ်။ အနည်းစုကသာ တရားဝင်လိုင်စင်တွေနဲ့ ဖွင့်လှစ်နေကြပါတယ်။ နိုက်ကလပ်တွေ၊ KTV ပိတ်တဲ့အချိန်တွေကို မသတ်မှတ်ချင်ပါဘူး။ ဒါပေမယ့် အဲဒီနေရာတွေကနေ ဆက်စပ်ပြီးတော့ လမ်းမပေါ်တွေမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ၀င်ရောက်ထိန်းသိမ်းပေးရခြင်း ဖြစ်ပါတယ်။ အခုညပိုင်းတွေမှာ သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးတဲ့အခါမှာလည်း ကားတွေပေါ်မှာ တုတ်၊ ဓားစတဲ့ လက်နက်တွေကို သယ်ဆောင်ပြီး သွားလာနေတဲ့ ယာဉ်တွေကိုလည်း စစ်ဆေးတွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။
ညပိုင်းများတွင် ဖွင့်လှစ်ထားသည့် နိုက်ကလပ်များနှင့် KTV များမှ ပြန်လာပြီး အကြောင်းအမျိုးမျိုးဖြင့် ခိုက်ရန်ဖြစ်မှုများ လုံးဝလျော့ကျသွားပါက မူလအချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ နိုက်ကလပ်များနှင့် KTV များကို ည ၁၂ နာရီ အထိသာ
ဖွင့်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ နိုဝင်ဘာလ ၅ ရက်နှင့်
၆ ရက်နေ့တို့တွင် ဆိုင်များမှ ပိုင်ရှင်များနှင့် မန်နေဂျာများကို
ခေါ်ယူပြောကြားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်အတွင်း ကားပြိုင်မောင်းနေသူများနှင့် လက်နက်ပုန်းများ
သယ်ဆောင်ပြီး သွားလာနေသည့် ယာဉ်များကို က.ည.န၊ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ မ.ထ.သ၊ စည်ပင် စသည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးအရေးယူ ဆောင်ရွက်မှုများကို
နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ စတင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ယခုလက်ရှိအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုက်ကလပ်နှင့် စင်တင်စားသောက်ဆိုင် ၁၅၀ ကျော်နှင့် တရားဝင်ဖွင့်လှစ်နေသည့်
KTV ဆိုင်ပေါင်း ၁၅ ခုကျော် ရှိနေကြောင်း ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း
နိုက်ကလပ်များနှင့် KTV များကို ည ၁၂ နာရီ အချိန်ထိသာ ဖွင့်လှစ်ခွင့်ပြုထားပြီး ထိန်းသိမ်းမှု ပြုလုပ်ပေးနေရကြောင်း ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက “အခု ရန်ကုန်တိုင်းဒေသကြီးအတွင်း
အများအပြား ရှိပါတယ်။ အနည်းစုကသာ တရားဝင်လိုင်စင်တွေနဲ့ ဖွင့်လှစ်နေကြပါတယ်။ နိုက်ကလပ်တွေ၊ KTV ပိတ်တဲ့အချိန်တွေကို မသတ်မှတ်ချင်ပါဘူး။ ဒါပေမယ့် အဲဒီနေရာတွေကနေ ဆက်စပ်ပြီးတော့ လမ်းမပေါ်တွေမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ၀င်ရောက်ထိန်းသိမ်းပေးရခြင်
ညပိုင်းများတွင် ဖွင့်လှစ်ထားသည့် နိုက်ကလပ်များနှင့် KTV များမှ ပြန်လာပြီး အကြောင်းအမျိုးမျိုးဖြင့် ခိုက်ရန်ဖြစ်မှုများ လုံးဝလျော့ကျသွားပါက မူလအချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ နိုက်ကလပ်များနှင့် KTV များကို ည ၁၂ နာရီ အထိသာ
ဖွင့်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ နိုဝင်ဘာလ ၅ ရက်နှင့်
၆ ရက်နေ့တို့တွင် ဆိုင်များမှ ပိုင်ရှင်များနှင့် မန်နေဂျာများကို
ခေါ်ယူပြောကြားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်အတွင်း ကားပြိုင်မောင်းနေသူများနှင
သယ်ဆောင်ပြီး သွားလာနေသည့် ယာဉ်များကို က.ည.န၊ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်း၊ မ.ထ.သ၊ စည်ပင် စသည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးအရေးယူ ဆောင်ရွက်မှုများကို
နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ စတင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ယခုလက်ရှိအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း
KTV ဆိုင်ပေါင်း ၁၅ ခုကျော် ရှိနေကြောင်း ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
Eleven Media Group



0 comments:
Post a Comment