Pages

Monday, November 26, 2012

မကြာတော့သည့် အနာဂတ်တွင် စာသင်ခန်းများ၌ touchscreen များဖြင့် ပညာသင်ကြားနိုင်တော့မည်



Monday, 26 November 2012

မကြာတော့သည့် အနာဂတ်တွင် စာသင်ခန်းများ၌ စာအုပ်များနှင့်
ကျောက်သင်ပုန်းများ နေရာတွင် touchscreen များကို အသုံးပြု၍ ပညာသင်ကြားနိုင် 
တော့မည်ဖြစ်ကြောင်းသိရသည်။ စာသင်ကျောင်း များတွင် ကျောက်သင်ပုန်းများ၌ မြေဖြူများဖြင့် ရေးခြစ်၍ လေ့ကျင့်ခန်း စာအုပ်များဖြင့် သင်ကြားခဲ့ သောခေတ်ကာလသည် ကုန်ဆုံးတော့ မည်ဖြစ်ပြီး touchscreen ဖြင့်သင်ကြား ရေးပုံစံသစ်သည် မကြာမီကာလ အတွင်းမှာပင် စာသင်ခန်းများ၌ နေရာယူလာတော့မည်ဖြစ်သည်။

ဘက်ပေါင်းစုံမှ ထိတွေ့၍ နည်းမျိုးစုံ အသုံးပြု၍ ရသော စမတ်စားပွဲ များအား ကျောင်းသားပေါင်း ၄ဝဝ ကျော်ဖြင့် သုံးနှစ်တာ စီမံကိန်းချ စမ်းသပ်စစ်ဆေးမှုများကို ဗြိတိန်နိုင်ငံရှိ တာဝန်ရှိသူများက စမ်းသပ်ပြု လုပ်လျက်ရှိသည်။

အဆိုပါသင်ကြားနည်း ပုံစံသစ်ကို 'Star Trek classroom' ဟု အမည် ပေးထားသည်။ စမတ်စားပွဲများနှင့် ဆော့ဖ်ဝဲလ်များကို ဒါးဟမ်တက္ကသိုလ်မှ ကျွမ်းကျင်သူများက တီထွင်ဖန်တီး ထုတ်လုပ်ခဲ့ခြင်း
ဖြစ်သည်။ လေ့လာဆန်း စစ်မှုများအရ အဆိုပါ သင်ကြားနည်း ပုံစံသစ်သည် ကျောင်းသားများ သင်္ချာဘာသာရပ်ကို သင်ကြားရာတွင်
ပို၍ ထိရောက်တိုးတက်မှုရှိသည်ကို တွေ့ရှိရသည်။

ထို့ပြင်တုံ့ပြန်မှုကို ပေးနိုင်သော စမတ်စားပွဲများသည် သင်္ချာတွက်ခြင်း
နှင့်ပတ်သက်၍လည်း အကျိုးထူးများကို ဖြစ်ပေါ်စေနိုင်သည်ဟု လေ့လာ
ချက်များ အရတွေ့ရသည်။ ၎င်းနည်းဖြင့် လေ့လာသင်ကြားခြင်းသည် အဖွဲ့လိုက် လေ့ကျင့်မှုများကိုလည်း အပြည့်အဝပြုလုပ်နိုင်သလို စာသင်ခန်း အတွင်း သင်ကြားမှုနည်းလမ်းသစ်များ ပေါ်ပေါက်လာရေးအတွက် လမ်းစလည်းဖြစ်ကြောင်း သုတေသီ များက ပြောကြားထားသည်။

အဆိုပါ Touchscreen ဖြင့် သင်ကြားမှုပုံစံအား တီထွင်ဖန်တီး လိုက်ခြင်း၏ အဓိကရည်ရွယ်ချက်သည် ကျောင်းသားများ၏ အာရုံစူးစိုက်မှု ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရာတွင် အထောက် အကူပြုစေရန်ဖြစ်ကြောင်း၊ ထိုနေရာတွင် ကျောင်းသားများ အချင်းချင်းညှိနှိုင်း ဆွေးနွေးခြင်းဖြင့် ပုစ္ဆာများဖန်တီးဖြေရှင်း ခြင်းတို့ကို ပြုလုပ်နိုင်ပြီးတုံ့ပြန်မှုမရှိဘဲနားထောင်
နေခြင်းထက် စာလျှင်ပို၍ အကျိုးများကြောင်း ဒါးဟမ်တက္ကသိုလ် မှ ကျောင်းပညာ သင်ကြားရေးဆိုင်ရာ သုတေသနခေါင်းဆောင် ပါမောက္ခလင့်ဇ်ဘတ်ဒ်က ပြောကြားထားသည်။

မြ၀တီ

0 comments:

Post a Comment