မက္ကစီကို နိုင်ငံကို ကမ္ဘာပေါ်တွင် မက္ကစီကို အဖြစ်သာ လူသိများသော်လည်း
နိုင်ငံ၏ အစစ်အမှန်အမည်မှာ ယူနိုက်တက် မက္ကစီကန်
စတိတ်စ်
(United Mexican States)ဖြစ်သည်။ စပိန်တို့ထံမှ လွတ်လပ်ရေး ရပြီးနောက် (၁၈၂၄)ခုနှစ်ကတည်းက မှည့်ခေါ်ခဲ့သော ယင်းအမည်မှ (United States)ကို ဖြုတ်ပစ်ရန် သမ္မတ ဖိလစ်ပီ ကယ်လ်ဒါရွန်က ဆန္ဒရှိနေသည်။ ၎င်းက မြောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံ၏ အမည်နှင့် ဆင်တူနေသော အဆိုပါ စကားလုံးသည် မက္ကစီကိုအတွက် လိုအပ်သော အရာတစ်ခု မဟုတ်ဟု ယုံကြည်နေသည်။
ကယ်လ်ဒါရွန်သည် (၂၀၀၃)ခုနှစ်က နိုင်ငံအမည်ကို မက္ကစီကိုအဖြစ် တရားဝင် ပြောင်းလဲရန် လွှတ်တော်တွင် အဆိုတင်ခဲ့သေးသော်လည်း
မဲခွဲ ဆုံးဖြတ်မှု မရှိခဲ့ချေ။ သို့သော်လည်း ဒီဇင်ဘာ (၁)ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးမည့် ကယ်လ်ဒါရွန်သည် ၎င်း၏ အဆိုဟောင်းကို ရာထူးလက်ကိုင် ရှိချိန်တွင် နောက်ဆုံးတစ်ကြိမ် ပြန်လည်အဆိုပြု အသက်သွင်းနေခြင်း ဖြစ်သည်။ ၎င်း၏ အဓိကဆန္ဒမှာ နိုင်ငံအမည်ကို တရားဝင်အားဖြင့် ယူနိုက်တက် မက္ကစီကန် စတိတ်စ်မှ မက္ကစီကိုအဖြစ်
ပြောင်းလဲရေးဟုလည်း သိရှိရသည်။
Planet Myanmar Network

0 comments:
Post a Comment