Pages

Friday, November 23, 2012

ထိုင်းအခြေစိုက် Synnex Pcl နည်းပညာ ကုမ္ပ ဏီက မြန်မာ့ဈေးကွက် ဝင်ရန် မိတ်ဖက် ရှာနေ



Friday, November 23, 2012

ထိုင်းနိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သော Synnex Pcl သည်
မြန်မာနိုင်ငံတွင် နည်းပညာဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ပြည်တ
ွင်းမှ ဖက်စပ် ကုမ္ပဏီများကို ရှာဖွေနေကြောင်း ၁၄-၁၁-၂၀၁၂ ရက်က သိရသည်။ Synex Pcl အနေဖြင့် ၂၀၁၃ ခုနှစ်၏ ပထမ လေးလအတွင်း လာရောက် ရင်းနှီးမြှုပ်နှံသွားရန် ဆန္ဒရှိနေပြီး မြန်မာနိုင်ငံမှ ၎င်းတို့နှင့် အကျိုးတူ ပူးပေါင်း
မည့် ကုမ္ပဏီနှင့် ၅၁း၄၉ ပိုင်ဆိုင်မှုပုံစံ လုပ်ဆောင်သွားရန် ရှိနေသည်ဟု သိရသည်။

နည်းပညာပစ္စည်း သုံးစွဲမှု ပမာဏ ၂၀၁၀ ပြည့်နှစ်ထက် နှစ်ဆကျော်
မြင့်တက်လာသော မြန်မာနိုင်ငံ၏ အလားအလာကြောင့် ပြည်ပမှ နည်းပညာ ကုမ္ပဏီများ အပြိုင်အဆိုင် ဈေးကွက်ဝင်ရန် တာစူနေချိန်တွင် Synnex Pcl ကလည်း နေရာတစ်နေရာ တိုးဝင်ရန် ပြင်ဆင်လာရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

“၂၀၁၅ ACE မတိုင်မီ အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ကြားမှာ အောင်မြင်တဲ့
ဈေးကွက်နဲ့ လုပ်ဆောင်မှုကောင်းတွေ လုပ်နိုင်စေဖို့ ရည်ရွယ်ပြီး ပြင်ဆင်
နေတာပါ” ဟု Synnex Pcl ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ Supant Monkol Suthree က ပြောကြားသည်။

နိုဝင်ဘာ ပထမပတ်က ထွက်ရှိလာသော ဆက်သွယ်ရေး ဥပဒေ မူကြမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ ပိုမို
ဝင်လာရန် စုံစမ်းမှု အားကောင်းနေပြီး Synex Pcl နှင့် ဖက်စပ်လုပ်ကိုင်မည့် ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံမှု မတည်ငွေ ဘတ် ၁၀ သန်းဖြင့် စတင်
သွားမည်ဖြစ်ကြောင်း သက်တမ်း ၂၃ နှစ်ရှိသည့် Synnex က ထုတ်ဖော်
ပြောကြားလိုက်သည်။

Pyi Myanmar
1

0 comments:

Post a Comment