Pages

Wednesday, November 21, 2012

ထိုင်းနိုင်ငံမှ ၁၂၀မီဂါဝပ် ဂတ်စ်တာဘိုင်မီးစက်နှစ်လုံးအား အခမဲ့ကူညီမည် ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့နှင့် မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရ


Wednesday, 21 November 2012 

ထိုင်းနိုင်ငံမှ ၁၂၀ မီဂါဝပ် ဂတ်စ်တာဘိုင် မီးစက်နှစ်လုံးအား မြန်မာနိုင်ငံသို့ အခမဲ့ကူညီမည်ဖြစ်ပြီး စက်တပ်ဆင်ပြီးပါက ရန်ကုန်မြို့သို့ အဓိက ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ြေ
ကာင်း လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင်
ပြောကြားချက်အရ သိရသည်။

အဆိုပါစက်များအား ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ စက်နှစ်လုံး၏ တစ်နေ့တာမောင်းနှင်ရန်
အတွက် သဘာဝ ဓာတ်ငွေ့ကုဗပေ ၈၀ သန်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့သော်လည်း အရန်
ဓာတ်အားပေးစက်အဖြစ်သာ အသုံးပြုထားသည့်စက်ဖြစ်ကြောင်း၊စက်အသုံးပြုနိုင်သည့် သက်တမ်းမှာ နှစ်သုံးဆယ်ခန့်ဖြစ်ပြီး လက်ရှိအထိ ၁၇ နှစ်အတွင်း မောင်းချိန် ၁၄၄၀၀နာရီ ၁.၈၂ နှစ်ခန့်သာ အသုံးပြု
ထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နောက်ထပ် ၂၈ နှစ် ခန့် မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ကာ ဓာတ်အား ၂၄၀ မီဂါဝပ် ထုတ်လုပ်သုံးစွဲနိုင်
မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်နှစ်လုံး၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၁၅၀ ခန့်ရှိပြီး Mitsubishi M701D ဒီဇယ်ဆီဖြင့် မောင်းနှင်ရသောစက်အမျိုး အစားဖြစ်ကာ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ဖြင့် အသုံးပြုမည် ဖြစ်
သောကြောင့် ပြန်လည်ပြင်ဆင် အသုံးပြုရမည်ဖြစ်သည်။

ယင်းစက်နှစ်လုံးအား ထိုင်းနိုင်ငံမှ အခမဲ့ကူညီမည်ဖြစ်သော်လည်း ရန်ကုန်ဆိပ်ကမ်းမှ စက်တပ်ဆင်မည့် နေရာသို့ သယ်ယူစရိတ်နှင့် စက်တပ်ဆင်ကုန်ကျစရိတ်ကိုမူ မြန်မာအစိုးရကသာ ကျခံရမည်ဖြစ်ကြောင့် သယ်ယူတပ်ဆင်ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၄၃.၁၆၂ သန်းနှင့်
မြန်မာကျပ်သန်း ၁၃၀၀ အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထား
မှုကို လွှတ်တော်မှအတည်ပြုပေးပါရန် တင်ပြထားခြင်းလည်းဖြစ်သည်။

လွှတ်တော်မှ ကုန်ကျစရိတ်များအား အတည်ပြုပေးပါက ထိုင်းနိုင်ငံ STFE ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ပထမအရစ် ငွေစတင်ပေးချိန်မှစ၍ ခြောက်လ အတွင်း ပထမစက်တစ်လုံးကိုလည်းကောင်း၊ နောက်ထပ်နှစ်လအတွင်း ဒုတိယစက်တစ်လုံးကိုလည်းကောင်း အပြီးတပ်ဆင်ဆောင်ရွက်သွား
မည် ဖြစ်ကြောင်းလည်း သိရသည်။

eleven media group

0 comments:

Post a Comment