Thursday, November 22, 2012
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသော မြန်မာအလုပ်သမားဦးရေ
သောင်းဂဏန်းမျှရှိပြီး ထိုင်းနိုင်ငံသည် အခြားနိုင်ငံများထက် အကျဉ်းကျခံရသူ မြန်မာလုပ်သား အရေအတွက် ပိုများကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ ပြည်ပတွင် အကျဉ်းကျခံနေရသူများ အနေဖြင့် ၄င်းတို့ကိုယ်တိုင် အပြစ်ကျူးလွန်မှုရှိ၍ ကျခံရသကဲ့သို့ အချို့မှာအကြောင်းပြ
ချက်မရှိဘဲ ကျခံနေရခြင်းရှိသည်ဟု ဒုဝန်ကြီးက ပြောဆိုခဲ့သည်။
အကျဉ်းကျရသည့်ကိစ္စနှင့်ပတ်သ က်၍ သက်ဆိုင်ရာ အစိုးရဌာန
အနေဖြင့်လည်း သေချာတိကျစွာ မသိရှိသေးကြောင်း သတင်းရရှိသည်။ “ထိုင်းမှာ အကျဉ်းကျခံနေရတဲ့ သူတွေနဲ့ ပတ်သက်ပြီး တို့လည်း
တောက်လျှောက်လုပ်တော့ လုပ်နေတာပဲ။ ဟိုမှာ အပြစ်ရှိလို့ကျရင်လည်း
ကြီးတဲ့အမှု သေးအောင်၊ ငယ်တဲ့အမှု ပပျောက်အောင် လုပ်နေတာပဲ” ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ အကျဉ်းကျခံရသူအချို့မှာ သက်ဆိုင်ရာ အစိုးရဘက်သို့အကြောင်းကြား ပြောဆိုခြင်းမရှိသည့်
အတွက် အစိုးရအနေဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးရန် အခက်
အခဲရှိနေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးမျိုးအောင်က ပြောသည်။ “သူတို့ဘာကြောင့် အကျဉ်းကျတယ်၊ ဘယ်လိုကြောင့် ကျတယ်ဆိုတာ ဘာမှလာမပြောကြတော့ လုပ်ပေးဖို့က ခက်ခဲတယ်။ ဒီလူတွေအတွက်တော့ လုပ်ပေးနိုင်သလောက် လုပ်ပေးနေ
တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ပြည်ပတွင် အကျဉ်းကျခံနေ
သောအလုပ်သမားအများစုမှာ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်ခြင်း အပါအဝင် မိမိအလုပ်ရှင်တို့နှင့် ပြေလည်မှုမရှိခြင်းတို့ကြောင့်
ဖြစ်နိုင်ကြောင်း အေဂျင်စီအချို့ ကသုံးသပ်ခဲ့ကြကြောင်း သိရှိရသည်။
7Days News
ချက်မရှိဘဲ ကျခံနေရခြင်းရှိသည်ဟု ဒုဝန်ကြီးက ပြောဆိုခဲ့သည်။
အကျဉ်းကျရသည့်ကိစ္စနှင့်ပတ်သ
အနေဖြင့်လည်း သေချာတိကျစွာ မသိရှိသေးကြောင်း သတင်းရရှိသည်။ “ထိုင်းမှာ အကျဉ်းကျခံနေရတဲ့ သူတွေနဲ့ ပတ်သက်ပြီး တို့လည်း
တောက်လျှောက်လုပ်တော့ လုပ်နေတာပဲ။ ဟိုမှာ အပြစ်ရှိလို့ကျရင်လည်း
ကြီးတဲ့အမှု သေးအောင်၊ ငယ်တဲ့အမှု ပပျောက်အောင် လုပ်နေတာပဲ” ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ အကျဉ်းကျခံရသူအချို့မှာ သက်ဆိုင်ရာ အစိုးရဘက်သို့အကြောင်းကြား ပြောဆိုခြင်းမရှိသည့်
အတွက် အစိုးရအနေဖြင့် လိုက်လံကူညီ ဆောင်ရွက်ပေးရန် အခက်
အခဲရှိနေကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးမျိုးအောင်က ပြောသည်။ “သူတို့ဘာကြောင့် အကျဉ်းကျတယ်၊ ဘယ်လိုကြောင့် ကျတယ်ဆိုတာ ဘာမှလာမပြောကြတော့ လုပ်ပေးဖို့က ခက်ခဲတယ်။ ဒီလူတွေအတွက်တော့ လုပ်ပေးနိုင်သလောက် လုပ်ပေးနေ
တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။ ပြည်ပတွင် အကျဉ်းကျခံနေ
သောအလုပ်သမားအများစုမှာ နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေထိုင်ခြင်း အပါအဝင် မိမိအလုပ်ရှင်တို့နှင့် ပြေလည်မှုမရှိခြင်းတို့ကြောင
ဖြစ်နိုင်ကြောင်း အေဂျင်စီအချို့ ကသုံးသပ်ခဲ့ကြကြောင်း သိရှိရသည်။
7Days News



0 comments:
Post a Comment