Pages

Thursday, November 22, 2012

ကားတံဆိပ်သူခိုးများ သောင်းကျန်းနေ

 
Thursday, 22 November 2012

ရန်ကုန်မြို့ တွင်းရှိ တန်ဖိုးမြင့် နာမည်ကြီး ကားများမှ ကားအမှတ် တံဆိပ် များအား ခိုးယူသူများ သောင်းကျန်း လျှက်ရှိကြောင်း ကားပိုင်ရှင်များထံမှ သိရသည်။ “ကားကို အိမ်ရှေ့မှာဘဲရပ်ထား တာ။ ဘယ်အချိန်က ဘယ်လိုဖြုတ် သွားတယ်မသိဘူး၊ အပြင်ကိုသွားတော့ မှ တံဆိပ်မရှိတော့မှန်း
သိတာပါ။ ရဲစခန်း တော့မတိုင်တော့ပါဘူး၊ ပျောက်သွား တဲ့ Original တံဆိပ်က ၃၀ဝ၀ဝကျော
် လောက်ရှိတယ်။ အခုအဆင်ပြေတဲ့ အမျိုးတူ ၁၅၀ဝ၀ တန်တံဆိပ်တစ်ခုပဲ တပ်ထားတယ်”ဟု ယာဉ်တံဆိပ်
ပျောက်ဆုံးသွားသော ကားပိုင်ရှင်တစ်ဦး က ပြောသည်။

ယာဉ်အမျိုးအစား များစွာ အမည် တံဆိပ်များ ခိုးယူမှု များသည် ကားသစ် များ စတင် ဝင်ရောက်လာချိန်မှ အဖြစ် များခဲ့ပြီး လက်ခံဝယ်ယူနေသည့်ဆိုင် များရှိနေ သောကြောင့်သာ ယာဉ် တံဆိပ်များ ပျောက်ဆုံးမှု ဆက်လက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ၄င်းက ရှင်းပြသည်။

“ဒီလိုခိုးရာပါပစ္စည်းတွေကို လက် ခံတာ ပြဿနာအများကြီးရှိပါတယ်။
ဒီဝင်းထဲက တချို့ဆိုင်တွေကတော့ လက်ခံရဲတာပေါ့။ ကျွန်တော်တို့ဆိုင် ကတော့ သူခိုးပစ္စည်းလက်ခံ ထပ်မယူရဲ ပါဘူး။ ရမှာက တစ်သောင်း၊ နှစ်သောင်း၊ ရဲစခန်းမှာ သွားဖြေရှင်းရရင် အဖမ်းပါ ခံရဦးမယ်”ဟု တာမွေမြို့နယ်၊ ကျိုက် က္ကဆံယာဉ်အပိုပစ္စည်း ရောင်းဝယ်ရေး ဝင်းအတွင်းရှိ ယာဉ်အပိုပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက လူထုပုံရိပ်သို့ ပြော သည်။

အချို့သော ဆိုင်များမှ ယာဉ်အပို ပစ္စည်းများကို မြဝတီဘက်မှတင်သွင်း ခြင်း၊
ကုမ္ပဏီများနှင့်တိုက်ရိုက်ချိတ်ဆက် ဝယ်ယူခြင်းများရှိကြောင်း ယာဉ်အပို ပစ္စည်းရောင်းဝယ်သည့်ဆိုင်များမှ သိရ သည်။

ယာဉ်ပိုင်ရှင်အချို့သည် မိမိတို့ ပျောက်ဆုံးသွားသော ယာဉ်တံဆိပ်များ
နေရာတွင် အမျိုးတူ ယိုးဒယား၊ တရုတ် တံဆိပ်များကို အစားထိုးပြန်လည်
တပ် ဆင်ထားရကြောင်း ခိုးယူခံထားရသော အမှတ်တံဆိပ်အများစုမှာ Alphard, Mark II, Caltina, Belta စသည့် အမှတ်တံဆိပ်အများဆုံး
ပါဝင်ကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရ သည်။

ချမ်းငြိမ်းသာ
THE PUBLIC IMAGE

0 comments:

Post a Comment