Pages

Thursday, November 22, 2012

ဒီဇင်ဘာ လကုန်ပိုင်းတွင် နိုင်ငံတကာ အဆင့်မီ Data Center စတင် တည်ဆောက် သွားရန်ရှိ


Thursday, 22 November 2012

ပြည်တွင်းမှာ နိုင်ငံတကာ အဆင့်မီ Data Center တစ်ခုကို ဒီဇင်ဘာ လကုန်ပိုင်းမှာ စတင်ပြီး တည်ဆောက်ဖို့ ပြင်ဆင် လျက်ရှိတာ ဖြစ်တယ်လို့
သိရပါတယ်။ အခုလို တည်ဆောက် ခြင်းကိုလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hitachi ကုမ္ပဏီနဲ့ ပြည်တွင်းမှ MICTDC နဲ့ ပူးပေါင်းပြီး တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်င
ံတကာ အဆင့်မီ Data Center ကို တည်ဆောက် သွားဖို့ အတွက် နေရာကိုလည်း လှိုင်မြို့နယ်ရှိမြန်မာ
အင်ဖိုတက် အဆောက်အအုံ တည်ရှိရာ ၀န်းထဲမှာပဲ ဆောက်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို တည်ဆောက်ရာ မှာလည်း ဂျပန်နိုင်ငံမှ အင်ဂျင်နီယာ တွေက ကြီးမှူးပြီး ပြည်တွင်းမှ အင်ဂျင်နီယာ တွေကို နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ပေးပြီး ပူးပေါင်း တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို နိုင်ငံတကာ အဆင့်မီ Data Center ကို ပြည်တွင်းမှာ တည်ဆောက် ရတာဟာ Data Server နဲ့ ပတ်သက်တာ တွေကို လုံခြုံမှုပိုင်းကို အဓိက ရှိစေဖို့နဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တဲ့ အခါ သိမ်းဆည်း ထားတဲ့ ဒေတာတွေကို ပျက်ဆီးမှု၊ ဆုံးရှုံးမှု နည်းပါးစေရေး အတွက် ရည်ရွယ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ နိုင်ငံတကာ အဆင့်မီ ဒေတာ စင်တာ တည်ဆောက်မှု ကာလ ကတော့ ၁ နှစ်လောက် နီးပါး အချိန်ယူပြီး တည်ဆောက် သွားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

MRTV - 4

0 comments:

Post a Comment