Friday, 16 November 2012
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ပြည်ပအ၀င် တယ်လီဖုန်း
ခေါ်ဆိုမှုတွေ အတွက် အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေဆောင်ရွက် နေတဲ့ ကုမ္ပဏီ လေးခုနဲ့ စာချုပ် ချုပ်ဆို ဆောင်ရွက် လျက်ရှိ တယ်လို့ သိရပါတယ်။ အခုလို ချုပ်ဆိုထား ရမှာတော့ ၁ လမှာ မိနစ်ပေါင်း ၁၀ သန်း အတွက် အမေရိကန် ဒေါ်လာ ၂
သန်းနဲ့ သတ်မှတ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်ချက် မိနစ် ၁၀ သန်းထက်
၁ မိနစ် ပိုပါက အမေရိကန် ဒေါ်လာ ပြား ၂၀ ကို ထပ်တိုး ပေးဆောင် ရမှာဖြစ်ပြီး စာချုပ် သက်တမ်း ကိုတော့ ၁ နှစ် ကာလ သတ်မှတ်ထား တယ်လို့ သိရပါတယ်။
အခုလို စာချုပ်ချုပ် ထားတဲ့ ကုမ္ပဏီ ၄ ခု အနေနဲ့ လစဉ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ပေးဆောင် ရမှာဖြစ်ပြီး အဆိုပါ စာချုပ် ကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ ချုပ်ဆိုခဲ့တာ
ဖြစ်တယ်လို့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ချုပ်ဆို ထားခဲ့တဲ့ နိုင်ငံတကာ ကုမ္ပဏီ လေးခု ကတော့ PCCW, Hutchison ဟာဂျီဆန် HGC ၊ NTT Comunication နဲ့ DTAC တို့ ဖြစ်တယ်လို့ သိရပါတယ်။
MRTV - 4

0 comments:
Post a Comment