Friday, 16 November 2012
ပြည်တွင်းတွင် ဖြန့်ဖြူး ရောင်းချ လျက်ရှိသော Blue Moutain အချိုရည်က တစ်နှစ်တာအတွင်းကားအစီး ၃၀ အပါ အဝင် ကံစမ်းမဲ များစတင်
နေပြီဖြစ် ကြောင်း လွယ်ဟိန်း ကုမ္ပဏီ မီဒီယာ နှင့် သတင်းပြန်ကြားရေး အဖွဲ့မှ ဦးသိန်းတိုးက ပြောကြားသည်။
"ကံစမ်းမဲအစီအစဉ်က နိုဝင် ဘာလ ၁၂ ရက်နေ့ကစပြီး နောက် တစ်နှစ်တာ ကာလအတွင်းမှာကား အစီး ၃၀၊ မော်တော်ဆိုင်ကယ် ၃၆၅ စီးအပြင် တခြားငွေသားဆုမဲ တွေလည်း ပါတယ်" ဟု ၄င်းက Venus News Weekly သို့ ပြော သည်။ ပြည်တွင်း အချိုရည်ဈေးကွက် တွင် Pepsi အချိုရည်နှင့် Coca Cola အချိုရည်များ ဝင်ရောက် လာသော်လည်း မြန်မာပြည်သူ အများစုသည် လိမ္မော်နှင့် စပါကလင် အချိုရည်များကိုသာ ကြိုက်နှစ် သက်သောကြောင့် Blue Moutain အချိုရည်က ဈေးကွက် အတွင်း ယှဉ်ပြိုင်နိုင်ကြောင်း၊ Blue Moutain အချိုရည်က အမျိုး အစား ခြောက်မျိုး
ဝန်းကျင် ဖြန့်ဖြူး ရောင်းချနေသော်လည်း လိမ္မော် အချိုရည်နှင့် စပါကလင် အချိုရည် တို့ကို အဓိက ထားထုတ်လုပ်လျက် ရှိကြောင်း လွယ်ဟိန်း ကုမ္ပဏီမှ ကြော်ငြာမန်နေဂျာ ဦးဇော်တင်က ဆိုသည်။
နီတိုး
VENUS NEWS JOURNAL



0 comments:
Post a Comment