Pages

Sunday, November 18, 2012

နိုင်ငံတော်အစိုးရမှ ပြည်သူ့လွတ်တော်ဥက္ကဌကြီးမိသားစုကိုအရေးယူရန်ပြင်




နေပြည်တော် နိုဝင်ဘာ ၁၈

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်သောပြည်ထောင်စုလွတ်တော်ပုံမှန်
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ပြည်ထောင်စုစာရင်းစစ်ချုပ်
ဦးသိန်းထိုက်က အစိုးရ၀န်ကြီးဌာန ၁၅ ခုအား အလွဲသုံးစားမှု၊ မသမာသော သဘောဆောင်ရွက်မှုတို့ကြောင့် နိုင်ငံတော်မှ နစ်နာငွေကျပ်သန်း ၅ သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သိန်းကျော်ရှိခဲ့သဖြင့် ပြောဆိုခဲ့သည်။

နိုင်ငံတော်သို့ ပေးသွင်း ရမည့် ရရန်ကြွေးအများဆုံးမှာ မွေးမြူရေးနှင့်
ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃.၇၀၇ သန်းနှင့် အမေရိကန်
ဒေါ်လာ ၇၀၆၅၅.၀၂၀ တို့ ဖြစ်ကြောင်းသိရှိရသည်။

မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ ရရန်ငွေအများစုမှ
ပြည်သူ့လွတ်တော်ဥက္ကဌဦးရွှေမန်း၏သားများပိုင်သော ဇေယျာရွှေဝါ
ကုမ္မဏီမှ ဖြစ်ကြောင်းသိရသည်။ ၎င်းငွေကြေးများအား ဦးရွှေမန်း ပုသိမ်တိုင်းမှူးဘ၀တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးမောင်မောင်သိန်းထံမှ အာဏာအလွဲသုံးစားပြုလုပ်ပြီး ချေးယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်အထိ
ပြန်မဆပ်နိုင်သေးကြောင်း သိရသည်။

ထိုသို့ ပေးရန်ငွေများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မကုန်မီ
ပြန်လည်ပေးသွင်းရန်နှင့် မပေးဆပ်နိုင်ပါက ဒဏ်ကြေးများချခြင်း
ဥပဒေအရ တရား စွဲဆိုခြင်းပြုလုပ်မည်ဟု သိရသည်။

ဦးရွှေမန်း၏ သားများပိုင်ဆိုင်သော ဇေယျာရွှေဝါကုမ္မဏီသည်
ဧရာဝတီ တိုင်းအတွင်း ဆန်စပါးလုပ်ငန်းအပါအ၀င် လုပ်ငန်း
အများစုကို လုပ်ကိုင်ခဲ့သည်။ ဦးရွှေမန်း၏ သားတစ်ဦး ဖြစ်သော
တိုးနိုင်မန်းမှာလဲ အရာရှိငယ်ဘ၀တွင် ကားပြိုင်မောင်းသဖြင့်
အရာရှိငယ် ၂ ဦး သေဆုံးသွားပြီး ၎င်းနေရာတွင် အခြားတစ်ယောက်
အစားထိုးထောင်ကျခံစေကာ ယခုထိအရေးယူခံရခြင်းမရှိကြောင်း သိရှိ ရသည်။
Moe Htet Myint Thu

0 comments:

Post a Comment