Pages

Sunday, November 18, 2012

မြန်မာနိုင်ငံလူငယ်များအစည်းအရုံးနှ





မြန်မာနိုင်ငံလူငယ်များအစည်းအရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်မှဒေသခံ
လူငယ်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက်(၉း၀၀)နာရီက တွံတေးမြို့၊ဓမ္မာလင်္ကာရကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့
မြန်မာနိုင်ငံလူငယ်များအစည်းအရုံး၊ဖြစ်မြောက်ရေးကော်မတီ(ဗဟို)မှ အလုပ်အမှုဆောင်
အဖွဲ့ဝင်များ၊တွံတေးမြို့ရှိ လူငယ်ပရဟိတအဖွဲ့များမှ လူငယ်များနှင့် ဒေသခံကျောင်းသားလူငယ်များတက်ရောက်ပြီးပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် ဒေသခံလူငယ်များမှ မိမိတို့ဒေသအတွင်း ရင်ဆိုင်တွေ့ကြုံနေရသည့်
အခက်အခဲများ၊ပညာရေးဆိုင်ရာနှင့် ပရဟိတဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြပါသည်။

0 comments:

Post a Comment