Tuesday, November 20, 2012
၁၉၉၆ ခုနှစ် နောက်ပိုင်း ၁၇ နှစ်ကြာ ဂုဏ်ထူးတန်း တက်ရောက်ခွင့် ရပ်ဆိုင်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် လာမည့်ပညာသင်နှစ်မှ စတင်ပြီး ဦးရေသတ်မှတ်၍ ပြန်လည်လက်ခံ သင်ကြားပေးသွားရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။ ပညာရေးဝန်ကြီးဌာနက ညွှ
န်ကြားစာဖြင့် ဂုဏ်ထူးတန်း
ကျောင်းသားတို့ကို အထူးပြုဘာသာ တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးအား လက်ခံသင်ကြားပေးရန် ညွှန်ကြားခဲ့ပြီး လက်ရှိတွင် သင်ကြားမှု
အတွက် ဌာနအသီးသီးမှ ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဟုလည်း ရန်ကုန်
တက္ကသိုလ် တွဲဖက်ပါမောက္ခများနှင့် လက်ထောက်ကထိက အချို့တို့က
ပြောဆိုသည်။ အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်
ရှိသူတစ်ဦးက ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်မှု ဆောင်ရွက်ခြင်း၏ လုပ်ဆောင်မှုများထဲမှ တစ်ခုဟု အတည်ပြုပြောကာ အသေးစိတ်ကို မပြောဆိုခဲ့ပေ။ ရူပဗေဒဌာန တွဲဖက်ပါမောက္ခ ဦးစိုးဝင်းက “ဒီဇင်ဘာလ
မှာ ကျောင်းဖွင့်မယ်။ ဝင်ခွင့်က ဘယ်လိုပုံစံလဲတော့ မသိဘူး။ သင်ကြားပေး
ဖို့ ပြင်ဆင်နေပါပြီ။ ကျောင်းရဲ့သဘောက ကျောင်းသားတွေနဲ့ ရှိရမယ်။
ကျောင်းသားများမှလည်း သုတေသနပြုမှုတွေက ပိုများလာမှာပေါ့” ဟု ပြောသည်။ ရန်ကုန်တက္ကသိုလ်မှ လက်ထောက်ကထိက ဒေါက်တာ
ကျော်သန်းမိုးက ဝင်ခွင့်စာမေးပွဲဖြင့် စစ်ဆေး၍ တက်ရောက်ခွင့် ရွေးချယ်
သည့် ရန်ကုန်တက္ကသိုလ် သမိုင်းအစဉ်အလာအတိုင်း ဆောင်ရွက်လိမ့်
မည်ဟု ခန့်မှန်းပြောဆိုမှု ပြုခဲ့သည်။ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု
အပေါ် စောင့်ကြည့်လေ့လာနေသူ ဒေါက်တာဘိုးလှိုင်ကမူ ယခုကဲ့သို့ ဂုဏ်ထူးတန်း ကျောင်းသား လက်ခံမှုကို ယေဘုယျအားဖြင့် ကြိုဆိုကြောင်း
ပြောဆိုခဲ့သော်လည်း သင်ကြားမှုအပိုင်း၊ ကျောင်းသားအဆောင် ထားရှိမှုရှိ၊ မရှိ ဆိုသည်မျိုးကို စောင့်ကြည့်သွားရမည်ဟု ပြောသည်။ လတ်တလောတွင် ရန်ကုန်တက္ကသိုလ်အား မူလအဆင့်အတန်း ပြန်ဖြစ်စေရန် နိုင်ငံတော်သမ္မတ အကြံပေးအချို့ အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုး
ပါတီလွှတ်တော်ကိုယ်စားလှယ်များနှင့် ၈၈ မျိုးဆက် ကျောင်းသားတို့၏
တောင်းဆိုမှုတို့ အရှိန်ပြင်းလာနေသည်ဟုသိရှိရ သည်။
Popular

ပါတီလွှတ်တော်ကိုယ်စားလှယ်မျ
တောင်းဆိုမှုတို့ အရှိန်ပြင်းလာနေသည်ဟုသိရှိရ
Popular

0 comments:
Post a Comment