Pages

Tuesday, November 20, 2012

ဝန်ကြီးဌာနများ၏ ငွေအလွဲသုံးစားမှု အချိန်တခုထားပြီး ပြန်ပေးသွင်းရန် လွှတ်တော်တွင် သဘောတူ


Tuesday, November 20, 2012

အစိုးရဝန်ကြီးဌာနေတွရဲ့ ငွေအလွဲသုံးစားမှုတွေကို အချိန်တခုပေးပြီး နိုင်ငံတော်ကို ပြန်လည်ပေးသွင်းစေဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု
လွှတ်တော်က သဘောတူလိုက်ပါတယ်။ဝန်ကြီးဌာန ၁၅ ခုရဲ့ ငွေအလွဲ
သုံးစားမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ အပတ်ထဲကျင်းပတဲ့ လွှတ်တော်မှာ
ပြည်ထောင်စုစာရင်းစစ်ချုပ်က အရေးကြီးတွေ့ရှိချက်ဆိုပြီးအစီရင်ခံစာ တင်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်
ကိုယ်စားလှယ်တွေက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပီး အခုလို သဘောတူလိုက်
တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။

“ပြည်ထောင်စုစာရင်းစစ်ချုပ်က အလွဲသုံးစားတဲ့ကိစ္စတွေ၊ ဘဏ္ဍာငွေကိစ္စ
တွေမှာရော ပြည်သူ့ငွေစာရင်း ပူးပေါင်းရေးကော်မတီက လွှတ်တော်ကို တင်တဲ့ အစီရင်ခံစာကိုတော့ သဘောတူကြောင်း ဆုံးဖြတ်ထားတာတော့ ရှိတယ်။ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာမှာ တချို့ဟာတွေက အလွဲသုံးစားရှိတဲ့ဟာတွေကတော့ ဝန်ကြီးဌာနတချို့ အရေးယူထားတာတွေရှိတယ်။ တချို့ ရာထူးချထားတာတွေ ရှိတယ်။
တချို့က အချိန်ပေးပြီးတော့ ပစ္စည်းတွေကို ရောင်းချထုခွဲပြီးတော့ ပြန်ဆပ်
ခိုင်းထားတာတွေ ရှိတယ်။ တချို့ကျတော့လည်း အချိန်ပေးပြီးတော့ ဖြေရှင်း
ပေးဖို့ ရက်သတ်မှတ်ပေးပြီး လုပ်ဖို့ဆိုတာတွေ ရှိတယ်။ အဲဒါကို ပြည်သူ့
ငွေစာရင်းပူးပေါင်းကော်မတီကပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ
အဆိုတင်တော့ သဘောတူထားတာတော့ရှိတယ်။”လွှတ်တော်ကိုယ်စားလှယ်
တွေရဲ့ ဆွေးနွေးချက်တွေကိုလည်း သူက ခုလို ပြောပြပါတယ်။

“အလွဲသုံးစားဆိုတာက ဥပဒေရှိတယ်။ ရာဇသတ်ကြီး ဥပဒေလည်း ရှိတာပဲ။ ပြည်သူပိုင်ပစ္စည်းကာကွယ်မှု၊အများပိုင်ပစ္စည်းနဲ့ ပတ်သက်ပြီးတော့ အပက ၃ လည်း ရှိတာပဲ။ ဘယ်ဌာန ဘယ်သူပဲဖြစ်ဖြစ် အလွဲသုံးစားဖြစ်ရင် ဥပဒေနဲ့အညီ အရေးယူဖို့ဆိုပြီး ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။”

၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွက် ရသုံး မှန်းခြေ ငွေစာရင်းများအရ ဝန်ကြီးဌာန ၁၅ ခုက နိုင်ငံတော် သို့ ကျပ်သန်းပေါင်း ၅၀ဝ၀ ကျော်
ပေးသွင်းဖို့ ကျန်ရှိနေတဲ့အကြောင်း နိုဝင်ဘာ ၁၄ ရက်က ကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု စာရင်းစစ်ချုပ် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို ပြောကြားခဲ့ပြီးတဲ့နောက် ဝန်ကြီးဌာနအချို့က သူတို့ဌာနေတွရဲ့
ငွေကြေးအလွဲသုံးမှုတွေနဲ့ ပတ်သက်ပြီး အသိပေးကြေညာချက်တွေ ထုတ်ပြန်ခဲ့တာလည်း တွေ့ရပါတယ်။

DVB News

0 comments:

Post a Comment