Friday, 16 November 2012
ရေနံနှင့် သဘာဝဓာတ်ငွေ့များ အံ့မခန်းအောင် ထွက်ရှိနေသောကြောင့် အမေရိကန်ပြည်ထောင်စုသည် ဆော်ဒီအာရေ ဗီးယားကို ကျော်လွန်ကာ ၂၀၂၀ ခုနှစ်ခန့်တွင် ကမ္ဘာ့နေရနံ ထုတ်လုပ်မှုကို ဦးဆောင်နိုင်တော့
မည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့အစည်း (IEA)က ပြောကြားခဲ့ကြာင်း
နိုဝင်ဘာ ၁၄ ရက်က ဆင်ဟွာ သတင်းတွင် ဖော်ပြထားသည်။
မြောက်အမေရိကသည် ၂၀၃၀ ခုနှစ်ခန့်တွင် ရေနံတင်ပို့သည့်
ကွန်ရက် တစ်ခုဖြစ်လာပြီး နိုင်ငံတကာ ရေနံကုန်သွယ်မှု အရှိန်အဟုန် တိုးတက်လာမည်ဖြစ်ပြီး အာရှသို့ အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်သည် ၂၀၃၅ ခုနှစ်ခန့်တွင် ကျဆင်းသွားနိုင်သည်ဟု IEA က ခန့်မှန်းထားသည်။
(ဆင်ဟွာ)
Khit Lu Nge

0 comments:
Post a Comment