Friday 16th November 2012
မကြာသေးမီ လများ အတွင်း၌ ခေတ်မီ ဆန်းပြားသော နည်းပညာ အသုံးပြုသည့် နိုင်ငံတကာ ဆိုက်ဘာ တိုက်ခိုက်မှုများ မြင့်တက် လာခဲ့သည်ကို တွေ့ရှိ ရကြောင်း အမေရိကန် လက်နက် ကုမ္ပဏီ
တစ်ခု ဖြစ်သော လာ့ခ်ဟိဒ် မာတင် ကုမ္ပဏီက ထုတ်ဖော် ပြောကြား ခဲ့သည်။
လော့ခ်ဟိဒ် မာတင် ကုမ္ပဏီအား ဦးတည် တိုက်ခိုက် လာသည့် ဆိုက်ဘာ တိုက်ခိုက်မှုများ အနက် ၂ဝ ရာခိုင်နှုန်းသည် ခေတ်မီ ဆန်းသစ်သော နည်းပညာ များဖြင့် မကြာခဏ တိုက်ခိုက် ခံရကြောင်း ၄င်းကုမ္ပဏီ၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ သတင်းသည် အမေရိကန် အစိုးရ တာဝန်ရှိ သူများက အစိုးရရုံး အဖွဲ့ အစည်းများအား ဆိုက်ဘာ တိုက်ခိုက်မှု များနှင့် ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန် ခဲ့စဉ် ထွက်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆိုက်ဘာ တိုက်ခိုက်မှု များသည် မည်သည့် နေရာမှ စတင်
ဖြစ်ပေါ်လာ သည်နှင့် ပတ်သက်၍ လော့ခ်ဟိဒ် မာတင် ကုမ္ပဏီက ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။
မကြာသေးမီ လများက အနောက် နိုင်ငံ ပစ်မှတ် ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှု များတွင် တရုတ်၊ အီရန်နိုင်ငံ တို့နှင့် ဆက်နွှယ်မှု ရှိနေကြောင်း သိရသည်။
မြ၀တီ



0 comments:
Post a Comment