Pages

Thursday, November 22, 2012

ယခင် မန္တလေးမြို့ စွယ်တော်ဘုရားအနီးရှိ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းရွာသစ်ကြီးသို့

ယခင် မန္တလေးမြို့ စွယ်တော်ဘုရားအနီးရှိ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှ စစ်ကိုင်းရွာသစ်ကြီးသို့
ပြောင်းရွှေ့ခံရသည့် ကျောင်းသားများသည် ယခုလ ၂၂ ရက်နေ့ ညနေ
၆ နာရီခန့်မှစတင်တာ စစ်ကိုင်းရွာသစ်ကြီးမှ မူလကျောင်းသို့ ခြေလျင်
ခရီးနှင်ကာ ပြန်လည်ပြောင်းရွှေ့လာကြကြောင်းသတင်းရရှသည်။

ကျောင်းသား ၅၀၀ ခန့် ပြန်လည်ပြောင်းရွှေ့လာခြင်းဖြစ်ပြီး စစ်ကိုင်း
ရွာသစ်ကြီးရှိ ကျောင်းတွင် ပညာသင်ကြားရသည်မှာ အဆင်မပြေမှု
ရှိ၍ပြောင်းရွှေ့လာခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့က တောထဲက လာခဲ့ရတာပါ ဒါကြောင့်မြို့ပေါ်မှာပဲ
စာသင်ချင်ပါတယ်။ကျောင်းသားအားလုံး သဘောတူလို့ပြောင်းလာကြ
တာပါ" ဟုတိုင်းရင်းသားကျောင်းသားတစ်ဦးကပြောသည်။

ခြေလျင်ပြောင်းရွှေ့လာကြသည့်ကျောင်းသားများသည်စစ်ကိုင်းရွာသစ်ကြီးမှ
ဧရာဝတီတံတား (ရတာနာပုံ) ကိုဖြတ်ကာ မြစ်ငယ်-စစ်ကိုင်း လမ်းခွဲမှ
တဆင့် ရန်ကုန်-မန္တလေးလမ်းပေါ်ရှိ မူလကျောင်းသို့ ၇ နာရီ ၀န်းကျင်
ကြာလမ်းလျှောက်ပြောင်းရွှေ့ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက် နံနက် တစ်နာရီ
ဆယ့်ငါးမိနစ်ခန့်တွင် မူလကျောင်းသို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများ မူလကျောင်းသို့ ပြန်လည်ရောက်ရှိချိန်တွင်
ကျောင်းအုပ်ကြီးမှ မီဒီယာများအားပြန်ရန်ပြောဆိုခဲ့ပြီး မေးမြန်းမှုများ ထပ်မံပြုလုပ်ရန်ပြောဆိုခဲ့သည်။

7Day News Journal

0 comments:

Post a Comment