Friday, November 23, 2012
မြန်မာနိုင်ငံဟာ ကတိပြုထားတဲ့ ပြုပြင်ပြောင်းလဲရေးကို အခိုင်အမာ
ဆက်လက်လုပ်ဆောင်ရင် အာရှမှာ နောက်ထပ် လင်းလက်လာမယ့် ကြယ်တစင်းဖြစ်လာဖို့ ရှိတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့
(IMF) က ပြောလိုက်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ကြီးကြပ်ရေးအစီအစဉ် ရံပုံငွေ တခု မြန်မာဟာ ရရှိဖို့ နမိတ်ပြနေပြီး ပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်
ရင်တော့ မြန်မာဟာ အာရှတိုက်မှာ နောက်ထပ်စီးပွားရေး မောင်းနှင်
စွမ်းအင် တခု ဖြစ်လာနိုင်တယ်လို့ IMF က ကြေညာချက်ထုတ်ပြန်
လိုက်ပါတယ်။
“အားကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးကိုသံန္တိဌာန်ချလုပ်ဆောင်မှုနဲ့ မြန်မာ
နိုင်ငံသားတွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းက သိသိသာသာ တိုးတက်
လာမယ့် အလားအလာတွေ ရှိပါတယ်။ ပြောရရင် အာရှရဲ့ နောက်ထပ် လင်းလက်ကြယ်တစင်း ပေါ်ထွက်လာမယ်ပေါ့်” လို့ IMF မြန်မာမစ်ရှင် အကြီးအကဲ မစ္စ Meral Karasulu က ပြောပါတယ်။
IMF က လာမယ့်နှစ် မြန်မာကို ရံပုံငွေအစီအစဉ်တခု ပေးနိုင်ဖို့ကိစ္စနဲ့
ပတ်သက်ပြီး မြန်မာတာဝန်ရှိသူတွေ နဲ့ ထောက်ပြဆွေးနွေးမှုတွေလုပ်ခဲ့
ပါတယ်။
မြန်မာ မစ်ရှင် အကြီးအကဲ Karasulu ဟာ မြန်မာအစိုးရ ဘဏ္ဍာရေး ၀န်ကြီး၊ ဗဟိုဘဏ်ဥက္ကဌနဲ့ အခြားထိပ်တန်း အစိုးရ တာဝန်ရှိသူတွေနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။
မစ္စ Karasulu က ပြောတာကတော့ ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရအဖြစ်
ကနေ ပြောင်းလဲကျော်လွှားခဲ့ပြီး ကတည်းက တိုင်းပြည်မှာ ပြုပြင်ပြောင်း
လဲရေးခြေလှမ်းကို မြန်မာအစိုးရက ခြေလှမ်းကျဲကျဲ အလျှင်အမြန်
လျှောက်လှမ်းခဲ့တယ်လို့ ကမ္ဘာတလွှား သြစတြေးလျသတင်းဌာနကို မှတ်ချက်ပေး ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့်နှစ်မှာ ၆ ရာခိုင်နှုန်းကျော် တိုးတက်
လာဖွယ်ရှိတယ်လို့လည်း IMF က ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
“ဘာပဲပြောပြော အစိုးရက ခရီးရှည်ကြီးဆက်လျှောက်ရမယ်ဆိုတာ အသိအမှတ်ပြုတာပဲ” လို့ သူက ဆိုပါတယ်။
မြန်မာဟာ ဆယ်စုနှစ်များစွာ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ စစ်အုပ်ချုပ်ရေး
အောက်မှာ ကမ္ဘာပေါ်မှာ အထီးကျန် နေထိုင်လာခဲ့ရင်း အာရှတိုက်မှာ အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေတာပါ။
irrawaddy
၂၀၁၃ ခုနှစ်မှာ ကြီးကြပ်ရေးအစီအစဉ် ရံပုံငွေ တခု မြန်မာဟာ ရရှိဖို့ နမိတ်ပြနေပြီး ပြုပြင်ပြောင်းလဲရေးကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်
ရင်တော့ မြန်မာဟာ အာရှတိုက်မှာ နောက်ထပ်စီးပွားရေး မောင်းနှင်
စွမ်းအင် တခု ဖြစ်လာနိုင်တယ်လို့ IMF က ကြေညာချက်ထုတ်ပြန်
လိုက်ပါတယ်။
“အားကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးကိုသံန္တိဌာန
နိုင်ငံသားတွေရဲ့ လူနေမှုဘ၀ အဆင့်အတန်းက သိသိသာသာ တိုးတက်
လာမယ့် အလားအလာတွေ ရှိပါတယ်။ ပြောရရင် အာရှရဲ့ နောက်ထပ် လင်းလက်ကြယ်တစင်း ပေါ်ထွက်လာမယ်ပေါ့်” လို့ IMF မြန်မာမစ်ရှင် အကြီးအကဲ မစ္စ Meral Karasulu က ပြောပါတယ်။
IMF က လာမယ့်နှစ် မြန်မာကို ရံပုံငွေအစီအစဉ်တခု ပေးနိုင်ဖို့ကိစ္စနဲ့
ပတ်သက်ပြီး မြန်မာတာဝန်ရှိသူတွေ နဲ့ ထောက်ပြဆွေးနွေးမှုတွေလုပ်ခဲ့
ပါတယ်။
မြန်မာ မစ်ရှင် အကြီးအကဲ Karasulu ဟာ မြန်မာအစိုးရ ဘဏ္ဍာရေး ၀န်ကြီး၊ ဗဟိုဘဏ်ဥက္ကဌနဲ့ အခြားထိပ်တန်း အစိုးရ တာဝန်ရှိသူတွေနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ပြောဆိုဆွေးနွေးခဲ့ပါတယ်။
မစ္စ Karasulu က ပြောတာကတော့ ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရအဖြစ်
ကနေ ပြောင်းလဲကျော်လွှားခဲ့ပြီး ကတည်းက တိုင်းပြည်မှာ ပြုပြင်ပြောင်း
လဲရေးခြေလှမ်းကို မြန်မာအစိုးရက ခြေလှမ်းကျဲကျဲ အလျှင်အမြန်
လျှောက်လှမ်းခဲ့တယ်လို့ ကမ္ဘာတလွှား သြစတြေးလျသတင်းဌာနကို မှတ်ချက်ပေး ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့်နှစ်မှာ ၆ ရာခိုင်နှုန်းကျော် တိုးတက်
လာဖွယ်ရှိတယ်လို့လည်း IMF က ခန့်မှန်း ပြောဆိုခဲ့ပါတယ်။
“ဘာပဲပြောပြော အစိုးရက ခရီးရှည်ကြီးဆက်လျှောက်ရမယ်ဆိုတ
မြန်မာဟာ ဆယ်စုနှစ်များစွာ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ စစ်အုပ်ချုပ်ရေး
အောက်မှာ ကမ္ဘာပေါ်မှာ အထီးကျန် နေထိုင်လာခဲ့ရင်း အာရှတိုက်မှာ အဆင်းရဲဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေတာပါ။
irrawaddy



0 comments:
Post a Comment