၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် န၀မအကြိမ်အစည်းအဝေး၌ ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံအား MISUBISHI M701D ဂတ်ဆာဗိုင်(၂) ခုအခမဲ့ ပေးမည်ဆိုသည့် ကိစ္စနှင့်ပတ်သက် ၍ ဆွေးနွေးနေစဉ် မီးပျက်သွား၍ ပြည်သူ့လွှတ်တော်ခန်းမသို့ ပြောင်းရွေ့ကျင်းပရကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရပါတယ်။
တိုက်ဆိုင်တ
ာပဲလား ဘာလားတော့ မသိဘူး ထူးဆန်းတယ် ၊ ပြည်ထောင်စုလွှတ်တော်မှာ ထိုင်းနိုင်ငံက မီးစက်(၂)လုံး လှူမယ်ဆိုတာကို ဆွေးနွေးနေစဉ်ပဲ ပြည်ထောင်စုလွှတ်တော်မှာ မီးပျက်တယ်။ အဲ့ဒါနဲ့ ပြည်သူ့လွှတ်တော်ကို ပြောင်းပြီး ကျင်းပရတယ် လွှတ်တော်ကျင်းပစဉ်တစ်လျှောက်တော့ ဒါပထမဆုံးပဲ ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်အစည်းအေ ၀းကို နေရာပြောင်းရွှေ့ကျင်းပရခြင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေး ကို ဖျက်သိမ်းခဲ့ကာ နိုဝင်ဘာ (၂၃)ရက်နေ့တွင်မှ (၂)ရက်စာ ဆွေးနွေး ကြရမည်ဖြစ်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ က သိရပါတယ်။
ကိုးကား---မြစ်မခ
ပြည်ထောင်စုလွှတ်တော်အစည်းအေ
ကိုးကား---မြစ်မခ



0 comments:
Post a Comment