UNAIDS က ပေးအပ်သည့် အေအိုင်ဒီအက်စ် ရောဂါ ရှိသူများအား ခွဲခြား ဆက်ဆံခံရမှု မရှိရေး ကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်လှုပ်ရှားသူ အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ခန့်အပ် ကြောင်း အဆိုပါ အဖွဲ့အစည်း ၏ ထုတ်ပြန်ချက် အရ သိရျိရပါတယ်။
အာဖရိက မှ အာရှအထိ ဒေါ်အောင်ဆန်းစုကြည် ၏ အကြောင်းကို ပြောကြပြီး အားကျ အတုယူဖွယ် ကောင်းသည့် ပုဂ္ဂိုလ်ဖြစ်ကာ UNAIDS ၏ အထူး ကိုယ်စားလှယ် အဖြစ် ခန့်အပ်ရသည့် အတွက် ဂုဏ်ယူမိ ကြောင်း UNAIDS ၏ အမှုဆောင် ညွှန်ကြားရေးမှူး က
ပြောကြားခဲ့ပါတယ်။
ဂုဏ်သိက္ခာနှင့် အခြေခံ လူ့အခွင့်အရေး အတွက် နေ့စဉ် ရုန်းကန် လှုပ်ရှား နေရသည့် လူများ၏ ခေါင်းဆောင် အဖြစ် ရွေးချယ် ခံရခြင်း အတွက် အလွန် ဂုဏ်ယူ မိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့
ကြောင်းသိရှိရပါတယ်။
ကိုကား---အင်တာနက်သတင်းများ



0 comments:
Post a Comment