Pages

Sunday, November 18, 2012

ထူးခြားသောရေစက်တစ်ခု


Sunday, 18 November 2012

အင်းတင်ကျေးရွာနှင့် ချယ်ရီရိုးမ ကုမ္မဏီသွား တောလမ်းတွင်
ဦးအောင်ဝင်း+ဒေါ်ခင်မာဌေးတို့၏ ဈေးဆိုင်လေးတစ်ဆိုင်သည်

ကြားစခန်းတစ်ခုသဖွယ်တည်ရှိနေသည်။

၎င်းဈေးဆိုင်ကလေးတွင်ဘယ်ဘ၀ရေစက်ကြောင့်မသိ ခွေးမလေး
တစ်ကောင်နှင့်မျောက်သားပေါက်လေးတစ်ကောင်တို့ ငြိမ်းချမ်းစွာ အတူနေထိုင်နေကြသည်ကိုအံ့သြဖွယ်တွေ့ရှိခဲ့ရပါသည်။

ထိုမျောက်ကလေး၏အမည်ကို ဂျော်နီလို့ပေးထားကြောင်း
သိရပြီး ခွေးမလေး၏နာမည်မှာ ၀ိုင်းချစ်ဖြစ်ကြောင်းကိုလည်းသိရပါသည်။

မျောက်ကလေးဂျော်နီကို တောတွင်းတစ်နေရာတွင် လူမြင်သောကြောင့်
ကြောက်လန့်ထွက်ပြေးသွားသော မျောက်မကြီးတစ်ကောင်ပြုတ်ကြခြင်း
ကြောင့် ရရှိခဲ့ပြီး အိမ်သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊အိမ်ရောက်
သည့်နေ့မှ စ၍ အိမ်မှ ဇီးရှိခါစ ခွေးမလေးနှင့် ရောက်စနေ့မှာပင်
အတူဆော့ကစားပြီး မျောက်ကလေးကလည်း မိခင်အမှတ်ဖြင့်
ခွေးမလေးရဲ့နို့ကိုစို့ရာ ခွေးမလေးမှာ ငြိမ်သက်စွာ နို့တိုက်ကြောင်း
ခွေးမလေးမှာ နို့ရည်များပင် မျောက်ကလေးအတွက် ထွက်ခဲ့ရကြောင်း
ခွေးမလေးအနေဖြင့် မျောက်ကလေးဂျော်နီအား ထိကိုင်သူများကိုပင်
ရန်ပြုတတ်ကြောင်း ၄င်းတို့၏သခင်ဖြစ်သူ ဒေါ်ခင်မာဌေးမှ
ပြောကြားခဲ့ပါသည်။

၎င်းဖြစ်ရပ်အားမျက်ဝါးထင်ထင်တွေ့မြင်ရသူအဖို့အရမ်းအံ့သြစရာ
ကောင်းသည့်အပြင် ဘယ်ဘ၀ရေစက်ပါလဲ အတွေးမဆုံးဖွယ်ရာမို့
သတင်းတစ်ပုဒ်အနေနဲ့ တင်ပြလိုက်ရပါသည်။

မင်းရဲစစ်နိုင်
Hot News

0 comments:

Post a Comment