Pages

Sunday, November 18, 2012

“အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း အာဆီယံခေါင်းဆောင်များ လက်မှတ်ရေးထိုး”


Sunday, 18 November 2012

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ၂၁ ကြိမ်မြောက် အာဆီယံ (Association of Southeast Asian Nations - ASEAN) ထိပ်သီးအစည်းအဝေးတွင် အာဆီယံ လူအခွင့်အရေးကြေညာစာတမ်းကို မြန်မာအပါအဝင် အာဆီယံခေါင်းဆောင်များက သမိုင်းဝင် လက်မှတ်ရေးထိုးလိုက်သည်။

အာဆီယံ လူအခွင့်အရေးကြေညာစာတမ်းတွင် လူသားတိုင်းအနေဖြင့် အသားအရောင်၊ ယောက်ကျား မိန်းမ၊ အသက်အရွယ်၊ ဘာသာစကား၊ ကိုးကွယ်ရာ ဘာသာတရားနှင့် နိုင်ငံရေးခံယူချက် သို့မဟုတ် အခြားခံယူချက်များကြောင့် ခွဲခြားဆက်ဆံခြင်း မခံရစေဘဲ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုကို ရရှိခံစားပိုင်ခွင့်ရှိသည်ဟု ဖော်ပြပါရှိသည်။

0 comments:

Post a Comment