Pages

Sunday, November 25, 2012

ကေအိုင်အို ဗဟိုအစည်းအဝေး မပြီးသေးတဲ့အတွက် အစိုးရနဲ့ မတွေ့ဆုံနိုင်



Sunday, 25 November 2012

အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ပြီးခဲ့တဲ့လ အောက်တိုဘာ ၃ဝ ရက် တုန်းက တရုတ်နိုင်ငံ ရွှေလီမြို့တွေ့ ဆုံပွဲမှာ
သဘောတူခဲ့ရာမှာ ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အရေးကြီးအစည်းအဝေး မပြီးပြတ်နိုင်သေးတာကြောင့်မို့  အခုလော
လောဆယ် အခြေအနေမှာ အကြောင်းမပြန်နိုင်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

အစိုးရနဲ့ အခုတကြိမ်ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေး၊ စစ်ရေးအပြင်
ုပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ အရေးကြီးကိစ္စတွေပါ ဆွေးနွေးနိုင်ဖို့အတွက် အခုရက်ပိုင်းအတွင်း ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အစည်းအဝေးကျင်းပဖို့ရှိရာ လက်စမသတ်နိုင်သေးတာကြောင့် အကြောင်းမပြန်နိုင်သေးတာဖြစ်တယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace-Talk Creation Group) က ဦးလမိုင်ဂွမ်ဂျာ
က RFA ကို ပြောပါတယ်။
...
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရရဲ့ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ကေအိုင်အိုတို့ အခုလ
အတွင်းတွေ့ဆုံဖို့ကိစ္စ ဒီကနေ့ ၂၅ ရက်နေ့အထိ အတိအကျပြောဆို
လို့ မရနိုင်သေးဘူးလို့လဲ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

အေးချမ်းမွန်မှ RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

RFA Burmese

0 comments:

Post a Comment