Sunday, 25 November 2012
မြန်မာ့ရုပ်မြင်သံကြားမှ (၁၂.၁၀. ၂၀၁၂)နေ့ည (၈)နာရီ သတင်းအပြီးတွင်
မြန်မာ့မီးရထား ကန့်ဘလူမြို့နယ်ချပ်ကြီး၊ ဘူတာအ၀င် ဒီဇယ်၊ဓာတ်ဆီ
တွဲများ ဘီးချော်တိမ်းမှောက်ပြီး မီးလောင် လူသေဆုံးမှုဖြစ်စဥ
်ကို မီးရထားဌာန အထက် အဖွဲ့အစည်းပုဂ်္ဂိုလ်များနှင့်မြန်မာ့အသံ
တွေ့ဆုံမေးမြန်းခန်းအား ထုတ်လွှင့်ပြသ သွားပါတယ်။
မြန်မာ့မီးရထား ဒုတိယ၀န်ကြီး၊ဦး ဆောင်ညွှန်ကြားရေးမှူး၊စီမံခန့်ခွဲရေးနှင့် သွားလာရေးတာဝန်ခံ အင်ဂျင်နီယာ၊သံ လမ်းဘက်ဆိုင်ရာ အင်ဂျင်နီယာ စသည့် အရာထမ်းတို့မှ ဖြစ်စဉ်အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ထုတ်လွှင့်သော်လည်း ထူးသော်လည်း မဆန်းသည့် သတင်းအချက်များ
ကိုသာ ကြားသိရပါသည်။
လမ်းချော်တိမ်းမှောက်ခဲ့သည့် ဒီဇယ်၊ဓာတ်ဆီ တွဲရထား၊မန္တလေးမြို့
ဟောင်း ဘူတာမှထွက်ခွာချိန်၊အခင်းဖြစ် ရာ ချပ်ကြီးဘူတာအ၀င် ဘီးချော်တိမ်း မှောက်ချိန်၊ ဓာတ်ဆီတွဲမှ ဓာတ်ဆီများ ယိုဖိတ်၍ အနီးနားကျေးရွာဒေသခံများက ဓာတ်ဆီများအား အလုအယက်ခပ်ယူ ကြရာမှ မီးလောင်မှုဖြစ်ပွားပုံ၊မီးလောင် သည့်နေရာတွင်ပင် ကျား/မ(၂၅)ဦး၊မီး လောင်သေဆုံးပြီး(၆၅)ဦး၊ဆေးရုံတင် ကုသရခြင်း
စသည်များနှင့် သံလမ်းဘေး တွင် ဘီးချော်တိမ်းမှောက်နေသော ဒီဇယ်၊ဓာတ်ဆီတွဲများ ဘီးတစ်ခြားကိုယ် ထည်တစ်ခြား မြင်မကောင်း
ရှုမကောင်း သည့် အနိဌာရုံမြင်ကွင်း ဓာတ်ပုံများကို မြင်တွေ့သိရှိရပါသည်။
ဒီသတင်းအချက်အလက်တွေက တော့ အခင်းဖြစ်ပွားပြီး နောက်နေ
့(၉. ၁၁.၂၀၁၂)တွက် ည(၇း၃၀)အချိန်က မြန်မာ့ရုပ်မြင်သံကြားက အရေးပေါ် သတင်းထုတ်လွှင့်ပြီးတဲ့အပြင် (ဘီဘီစီ၊ ဘီအိုအေ)တို့က အဲဒီညမှာဘဲ ဆက်တိုက် ထုတ်လွှင့်ကြေညာခဲ့လို့ ပြည်သူတွေအား လုံးသိရှိပြီးဖြစ်ပါတယ်။
မီးလောင်သေဆုံး တဲ့သတင်းအချက်အလက် အပြည့်အစုံ အသေးစိတ်ဖော်ပြချက်တွေကတော့ မှုခင်းရဲတပ်ဖွဲ့ရဲ့ အလုပ်တွေလို့ ထင်မြင် ယူဆမိပါတယ်။
ဒီတွေ့ဆုံမေးမြန်းခန်းမှာ မြန်မာ့ မီးရထားပို့ဆောင်ရေးဌာန(မမ)၏အဓိက အရေးကြီးတဲ့သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ပတ်သက်ပြီးမေးမြန်းဖြေကြား
ရမည့်အချက်တွေ မကြားသိရတဲ့အတွက် (တမင်ထိန်ချန်ဖုံးကွယ်ထား
တာလားဆိုတာ) မေးခွန်းပေါင်းများစွာနဲ့ထောက်ပြသုံးသပ် တင်ပြရပါသော်-
(၁) ဒီဇယ်၊ဓာတ်ဆီတွဲတစ်တွဲဆီမှာပါရှိလာသည့် ဆီဂါလံ အရေအတွက်နှင့် မီးလောင်ဆုံးရှုံးမှု တန်ဘိုးပမာဏ။
(၂) ဆီတွဲ တစ်တွဲချင်းစီ၏ ထည့် သွင်းသယ်ယူနိုင်သည့် ဆီဂါလံအတိုင်း အတာပမာဏ (Capacity) နှင့်ယင်းပမာဏ ထက်အပို/အလို သယ်ယူခဲ့
မှုရှိ/မရှိ။
(၃) ပမာဏထက် ပိုမိုထည့်သွင်း သယ်ယူပါက ၀န်နှင့်အားမျှတမှုရှိ/မရှိ။
လျော့နည်းသယ်ယူပါက ဆီဘောင်ဘင် ခတ်၍ ဆီတွဲဟန်ချက်ပျက်ပြီ။
(၄) ဆီတွဲများ၏ ကြံ့ခိုင်မှုအခြေ အနေနှင့်ယင်းတို့၏ အသုံးပြုနိုင်သည့် သတ်မှတ်သက်တမ်းကာလနှင့်မီးရထား သံလမ်းများ၏အခြေအနေ။
(၅) မြန်မာ့မီးရထား၏အဓိက ဆောင်ပုဒ်ဖြစ်သည့် လုံခြုံဘေးကင်းရေးသည် အဓိက (Safely First)ဖြစ်၍ အန္တရာယ်ရှိသော ဓာတ်ဆီ၊ဒီဇယ်တွဲများ
မောင်းနှင်ရာတွင် ကြိုတင်စီမံကာကွယ်မှုအခြေအနေ။
(၆) မောင်းနှင်ရာတွင် သတ်မှတ် မိုင်နှုန်းအရှိန်ထက် ပို/မပိုနှင့်လိုက်နာရ မည့် စည်းကမ်းချက်များနှင့်စက်ခေါင်း မောင်း၏ ကျွမ်းကျင်မှုလက်မှတ်။
(၇) ယခုကဲ့သို့ မည်သည့်အတွက်ကြောင့် ဘီးချော်တိမ်းမှောက်ရသည့် အကြောင်းရင်း(လက်တစ်လောအခြေ အနေ)နှင့် နောက်နောင် ဤကဲ့သို့(နိုင်ငံ တော်ပိုင်ပစ္စည်း တန်ဖိုးကြီးစွာ ဆုံးရှုံးမှု နှင့်လူအသေ
အပျောက်ဖြစ်စဉ်) အလား တူ မဖြစ်ပေါ်ရေးအတွက် မည်ကဲ့သို့ ကာကွယ်လုပ်ဆောင်မည်(အခြားရှောင် ရန်၊ဆောင်ရန် အတွင်းရေးအချက်အ လက်များလည်းရှိနိုင်ပါသေးသည်။)
မြန်မာ့မီးရထားဖြင့် မကြာခဏ ဆိုသလိုခရီးသွားရာတွင် ကြုံတွေ့
ရသည်မှာ မီးရထားသံလမ်းများ မပြေမပြစ်မညီညာ ၍ ဂျုံးဂျုံး၊ဂျိုင်းဂျိုင်း ခုန်ပေါက်ပြေးလွှား နေသော မြန်မာ့မီးရထားကြီးအား ““မြန်မာ့မြင်းရထား
(မမ)လို့ခရီးသည်တချို့က ပြောဆိုကြသလို၊သံလမ်းတစ်ဖက်နှင့်တစ် ဖက်အနိမ့်အမြင့် မညီညာတဲ့နေရာတွေ မှာ ပုခက်လွှဲယိမ်းထိုးသွား
လာနေတတ် လို့ မြန်မာ့မီးရထားအရက်မူးသမားလို့လဲ ပြောဆိုသံတွေ
ကြားရပါတယ်။
အထက် တန်းရထားတွဲများဟောင်းနွမ်းအိုမင်းနေသဖြင့် ထိုင်ခုံခလုတ်များ
နောက်လှန်မရ သည်များ၊မီးခလုတ်ပန်ကာခလုတ်များပျက် ၍ မီးမလင်း၊
ပန်ကာမလည်ပတ်သည်များ၊ အိမ်သာတံခါးများ မင်းတုန်းထိုးမရသည် များ၊ပြတင်းတံခါးများ တင်မရ၊ချမရ၊ကျပ် ညပ်နေ၍ ဒုက္ခရောက်ရသည်
များကို တော့ ရန်ကုန်၊မန္တလေး၊နေပြည်တော်၊ ပုဂံညောင်ဦးခရီးသွား
တိုင်းကြုံတွေ့နေရ လို့ မထူးဆန်းသလိုဖြစ်နေပါပြီ။
သို့သော် အန္တရာယ်ရှိသော ဓာတ်ဆီ၊ ဒီဇယ်ဆီတွဲများ သယ်ယူခုတ်မောင်းရာ
တွင် ခုန်ပေါက်ပြေးလွှားနေသော ဆီတွဲ များ၊ယိမ်းထိုးပုခက်လွှဲနေသော ဆီတွဲများ၊ အိုမင်းဟောင်းနွမ်းသက်တမ်း ကုန်လွန် နေသော ဆီတွဲများ
ဖြစ်နေပါမူ စက်ခေါင်း မောင်းသူ ကြီးကြပ်သူတို့၏ စည်းကမ်း လျော့ရဲ၊
တာပန်ပေါ့ဆမှုပယောဂတို့နှင့် ကြုံရပါက မတွေးဝံ့စရာ အန္တရာယ်များ ထပ်မံဖြစ်ပေါ်လာနိုင်ပါကြောင်းအပြုသဘောဖြင့် ရေးသားတင်ပြအပ်ပါသည်။
ဧရာမြိုင်
Hot News

0 comments:
Post a Comment