Pages

Wednesday, November 21, 2012

ဂါဇာကို တညလုံး အစ္စရေးဘက်က ပစ်ခတ်ခဲ့


Wednesday, November 21, 2012

အစ္စရေးက ဂါဇာကမ်းမြှောင် ဘက်ကို တညလုံး ပစ်ခတ် တိုက်ခိုက်
နေခဲ့ပါတယ်။အစ္စရေးး စစ်ဘက်ကတော့ ဂါဇာ တဝန်းက ပစ်မှတ် တွေကို ပစ်ခတ် နေခဲ့တာ ဖြစ်တယ်လို့ ဆိုပေမယ့် ဘီဘီစီ သတင်းထောက် ကတော့ ပြီးခဲ့တဲ့ ညတွေက ပစ်ခတ် တိုက်ခိုက် ခဲ့တာ တွေလောက် မပြင်းထန်ဘူး လို့လည်း ပြောပါတယ်။

ပါလက်စတိုင်းတွေ ဘက်ကလည်း ဒုံးကျည် တွေနဲ့ ပြန်ပြီး ပစ်ခတ်
နေကြဆဲ ဖြစ်ပါတယ်။

အဲဒီက ဆေးဝန်ထမ်း တွေကတော့ ပြီးခဲ့တဲ့ သတင်းပတ်က အစ္စရေးက ဂါဇာကို စပြီး ပစ်ခတ် တိုက်ခိုက် ခဲ့တဲ့ အချိန်ကနေ အခုအထိ ပါလက်
စတိုင်း လူမျိုး ၁၁၀ သေဆုံးခဲ့ရပြီး ဖြစ်သလို ၈၀၀ လောက်လည်း ထိခိုက် ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။

တချိန်ထဲမှာပဲ သာမန် အားဖြင့် တည်ငြိမ်မှု ရှိနေတဲ့ အနောက်ဘက်ကမ်း
ဒေသ တခိျု့မှာလည်း ဂါဇာကို တိုက်ခိုက် နေတာကို ဆန့်ကျင့်တဲ့ ပါလက်စတိုင်း တွေရဲ့ ဆန္ဒပြပွဲ တွေမှာ အဓိကရုဏ်း တွေ ဖြစ်ခဲ့ကြပါတယ်။

BBC

0 comments:

Post a Comment