Wednesday, 21 November 2012
၁၉-၁၁-၂၀၁၂ ရက်နေ့ ၂၃၄၅ အချိန် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်
(၉)အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ထားကြောင်း သတင်းပေးပို့ခဲ့သဖြင့် လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဦးစီးဌာနမှူးနှင့် ဒုဦးစီးမှူးတို့မှ သွားရောက်စစ်ဆေးခဲ့ရာ တရုတ်နိုင်ငံ၊
ခေါဆင်ပြည်နယ်၊ ဟန်ကန်မြို့နေ လီရှင်(၂၉)
နှစ်နှင့် လားရှိုးမြို့၊ ရပ်ကွက်(၉)နေ မမေနှင်းဌေး(၂၆)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးမေးမြန်းချက်အရ မမေနှင်းဌေးသည် ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံ၊ ကျယ်ခေါင်မြို့ရှိ ဖိနပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် လီရှင်နှင့်တွေ့ဆုံ
ချစ်ကြိုက်၍ လက်ထပ်ခဲ့ရာ သား/သမီး(၃)ဦးရရှိခဲ့ကြောင်း၊ သား/ သမီး များအား လီရှင်၏မိခင်ဖြစ်သူရှိရာ ဟန်ကန်မြို့တွင်ထားခဲ့ပြီးဆေးသုတ်/
လက်သမားအလုပ် လုပ်ကိုင်နေကြောင်း၊ လီရှင်၏မိခင်ဖြစ်သူမှာလည်း
ခွဲစိတ်ထားသဖြင့် ၎င်းင်းတို့မိသားစုအား မစောင့်ရှောက်နိုင်သောကြောင့် မမေနှင်းဌေး၏ မိဘများထံ အကူအညီတောင်းခံရန်လာခဲ့ကြောင်း၊ လီရှင်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်မရှိ ဘဲ ဇနီးဖြစ်သူနှင့် အတူ ရွှေလီမြစ်အား စက်လှေဖြင့် ၁၆-၁၁-၂၀၁၂ ရက်နေ့ကဖြတ်၍
မြန်မာနိုင်ငံတွင်းသို့ ၀င်ခဲ့ကြောင်း၊ မူဆယ်မှ အငှားယာဉ်ဖြင့်ထွက်ခွာခဲ့ရာ ၂၃၀၀ အချိန် မမေနှင်းဌေး၏မိဘများရှိသည့် လားရှိုးမြို့၊ ရပ်ကွက်(၉)
သို့ ရောက်ရှိ ခဲ့ကြောင်း သိရှိရသဖြင့် တရုတ်နိုင်ငံသား လီရှင်အား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် လည်းကောင်း၊ မမေနှင်းဌေးအား အထက်ပါဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည် Facebook
စစ်ဆေးမေးမြန်းချက်အရ မမေနှင်းဌေးသည် ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံ၊ ကျယ်ခေါင်မြို့ရှိ ဖိနပ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေစဉ် လီရှင်နှင့်တွေ့ဆုံ
ချစ်ကြိုက်၍ လက်ထပ်ခဲ့ရာ သား/သမီး(၃)ဦးရရှိခဲ့ကြောင်း၊ သား/
လက်သမားအလုပ် လုပ်ကိုင်နေကြောင်း၊ လီရှင်၏မိခင်ဖြစ်သူမှာလည်း
ခွဲစိတ်ထားသဖြင့် ၎င်းင်းတို့မိသားစုအား မစောင့်ရှောက်နိုင်သောကြောင့် မမေနှင်းဌေး၏ မိဘများထံ အကူအညီတောင်းခံရန်လာခဲ့ကြောင်း၊
မြန်မာနိုင်ငံတွင်းသို့ ၀င်ခဲ့ကြောင်း၊ မူဆယ်မှ အငှားယာဉ်ဖြင့်ထွက်ခွာခဲ့ရာ ၂၃၀၀ အချိန် မမေနှင်းဌေး၏မိဘများရှိသည့် လားရှိုးမြို့၊ ရပ်ကွက်(၉)
သို့ ရောက်ရှိ ခဲ့ကြောင်း သိရှိရသဖြင့် တရုတ်နိုင်ငံသား လီရှင်အား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ
ရဲဇာနည် Facebook


0 comments:
Post a Comment