Pages

Wednesday, November 21, 2012

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး စတင်


Wednesday, 21 November 2012

အမေရိကန်ပြည်ထောင်စု၏ USS Bonhomme Richard စစ်သင်္ဘော
ပေါ်သို့ မြန်မာရေတပ် အရာရှိများလာ ရောက်လည်ပတ် ခဲ့ကြောင်း သိရ သည်။ ယင်းသည် ဆယ်စုနှစ်များအတွင်း အမေ ရိကန် စစ်တပ်နှင့်
မြန်မာနိုင်ငံစစ်တပ်တို့ ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံမှုတစ် ရပ်အဖြစ် တွေ့မြင်ရခြင်း လည်းဖြစ်သည်။ အမေရိကန်စစ်သင်္ဘော USS Bonhomme Richard သည် အန်ဒါမန်ဆီး အနီးရှိ ဆိပ်ကမ်းတစ်ခုတွင် ၎င်း၏လှည့် လည်ရေးခရီးစဉ်အတောအတွင်း ရပ်နား ထားစဉ် မြန်မာရေတပ် အရာရှိတို့ကလာ ရောက် လည်ပတ်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုစစ် တပ်၏ သတိအနေအထားနှင့် ဆက်စပ် ပတ်သက်မှုသည် မြန်မာနိုင်ငံသို့ အလည် အပတ်ရောက်ရှိစဉ် သမ္မတဘားရတ်အို ဘားမား၏ အထင်ကရမိန့်ခွန်းထဲမှ မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေး အဆင်ပြေချောမွေ့မည့် အနေ အထားတွင် ရှိလာမည်ဟူသော အာဘော် ကို ထင်ဟပ်ခြင်းလည်းဖြစ် သည်ဟု သိရ သည်။ မြန်မာနိုင်ငံ၏ အာဏာဖွဲ့စည်း တည်ဆောက်မှုတွင် ၁၉၆၂ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က လွှမ်းမိုး
နေဆဲရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး ကန့်ကွက်ဆန္ဒပြသူများ ကို စစ်တပ်မှ နှိမ်နင်းချေမှုန်းမှုအကျိုးဆက် အဖြစ် မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ အရေးယူ ပိတ်ဆို့မှုများကို ခါးစည်းခံနေရ ဆဲရှိကြောင်း သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် လာရောက် လည်ပတ်ပြီးနောက်ပိုင်း သမ္မတအိုဘား မားက ခရီးတစ်ထောက် ရောက်ရှိလာခဲ့ ခြင်းသည် ပင် နှစ်နိုင်ငံစစ်တပ်အချင်းချင်း ဆက်ဆံရေးအတွက် လမ်းဖွင့်ပေးခဲ့ခြင်း လည်းဖြစ်သည်။ လက်ရှိ အချိန်တွင် စစ် တပ်ချင်း ပြောဆိုဆွေးနွေးမှုသည် စစ်ဖက် ပြိုင်နေသော တိုင်းရင်းသားလူနည်းစု အုပ်စုများ၊ နိုင်ငံရေး
အကျဉ်းသားများနှင့် နိုင်ငံ၏ အကျင့်ပျက်ခြစားမှုများအပေါ် တွင် မြန်မာနိုင်ငံ အစိုးရ၏ ကိုင်တွယ်ဖြေ ရှင်းမှုများအပေါ် များစွာတည်မှီနေလျက် ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် လက ပစိဖိတ်စစ် တပ် တပ်မှူး ဗိုလ်မှူးချုပ် ဖရန်စစ်ဝီယာ စင်စကီးနှင့် အရှေ့အာရှဆိုင်ရာ လက် ထောက် ကာကွယ်ရေးဝန်ကြီး ဗီကရမ်ဆင်း တို့ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာ နိုင်ငံခေါင်းဆောင် တို့က ပြဿနာ များနှင့် ပတ်သက်၍ ဆွေးနွေးပြော ဆိုခဲ့ ကြောင်း သိရသည်။ ထိုသို့ဆွေးနွေးပြော ဆိုရာတွင် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အခြားသော စိုးရိမ်ပူပန်ဖွယ် ရာများကို
ဆွေးနွေးခဲ့ကြောင်း ပစိဖိတ် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူး ကြီး သီရိဆာဒွန်နယ်လီ က ပြောကြားခဲ့ ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment