Sunday, November 25, 2012
ဂျပန်- မြန်မာ ယဉ်ကျေးမှု ဖလှယ်ပွဲ အစီအစဉ် အဖြစ် တေးဂီတ ဧည့်ခံ
ဖျော်ဖြေပွဲတစ်ခုကို ဒီဇင်ဘာလ ၂ ရက်နေ့မှာ တိုကျိုမြို့  IKEBUKURO KUMIN CENTER THEATRE 6 F မှာ ညနေ ၆နာရီမှ ၉
နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်။
အဆိုပါ ဧည့်ခံ ဖျော်ဖြေပွဲမှာ ဂျပန်ကို ရောက်နေတဲ့ စန္ဒယားတင်ဝင်းလှိုင်နဲ့
အဖွဲ့ရဲ့ တေးသီချင်း ဖျော်ဖြေ မှုတွေ အပြင် ဂျပန်မှ အနုပညာရှင်များ ပါဝင်တင်ဆက်မည်ဖြစ်ပြီး မင်္ဂလာဒိုး အနုပညာ အင်အားစုမှ တွဲဖက် အားဖြည့်ပေးသွားမှာလည်း ဖြစ်ပါတယ်။
အဆိုပါ ဂျပန်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ပွဲ အစီအစဉ်ထဲမှာ မြန်မာ သံစဉ် စစ်စစ် တေးသီးချင်းတွေကို ကာရာအိုကေ တေးဆို ပြိုင်ပွဲကျင်းပပြု
လုပ်ပေးမှာဖြစ်တာကြောင့် စန္ဒယား တင်ဝင်းလှိုင်က ကြီးကြပ်၊ အကဲဖြတ်၍ ဆုများ ရွေးချယ် ပေးသွားမှာဖြစ်ကြောင်းလည်း သိရှိပါတယ်။
စန္ဒယား တင်ဝင်းလှိုင်သည် နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ၀င်းဦး ထံမှ ငယ်စဉ်ကတည်းက ပညာသင်ကြားခဲ့သူတစ်ဦးလည်းဖြစ်
ပါတယ်။
irrawaddy

0 comments:
Post a Comment